လယ်ယာအလုပ်သမား စျေးကွက်အခြေအနေနဲ့ ဌားရမ်းခ စျေးနှုန်းများ ကို တောင်သူဉီးကြီးများ ဘယ်လို သိရှိနိုင်မလဲ.....

20/12/2017 22:49 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

လယ်ယာ အလုပ်သမားတွေရဲ့ စျေးကွက်အခြေအနေနဲ့ ဌားရမ်းခ စျေးနှုန်းအမှန်တွေကို တောင်သူ ဉီးကြီးများ အဓိက သိရှိထားဖို့ လိုအပ်ပါတယ်။

UNESCO ရဲ့ စစ်တမ်းများ အရ အဲ့ဒီ သတင်း အချက်အလက်များကို မိသားစု၊ သူငယ်ချင်း၊ နီးစပ်ရာ ရွာသူရွားသားတွေ ဆီက တစ်ဆင့် ရယူတဲ့ အတွက် ဉီးကြီးတို့အနေနဲ့ အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိတာကို တွေ့ရပါတယ်။

ဒါကြောင့်....... ပုံမှန် လယ်သမား စျေကွက် အခြေအနေများကို သိရှိနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနများ၊ စိုက်ပျိုးရေး ပညာရှင်များ အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး NGO အဖွဲ့တွေဆီက အကူအညီနဲ့ သတင်းအချက်အလက်အမှန်တွေကို ရယူကြရအောင်........။

‘လယ်ယာအလုပ်သမား စျေးကွက်အခြေအနေနဲ့ သတင်းအချက်အလက်တွေအတွက် စိုက်ပျိုးပညာရှင်များနဲ့ အတူပူးပေါင်း ဆောင်ရွက် ကြစို့.......။’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။


Download

East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်