သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဘယ်လိုကာကွယ်နိုင်ကြမလဲ

23/01/2018 14:58 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

လူဦးရေ တိုးပွားလာမှုကြောင့် အမျိုးမျိုးသော ညစ်ညမ်းမှုတွေကတစ်ဆင့်ဖြစ်ပေါ်လာနေတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာဆိုရင် ဖြေရှင်းနိုင်ဖို့ ခက်ခဲဆဲဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့အတွက် မရေမတွက်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းလေးတွေကလည်း အများကြီးရှိနေပါတယ်။

၁။ အခြေခံအချက်ကတော့ Recycle ပါ
ပြန်သုံးပါလို့ ပြောတာမဟုတ်ပေမဲ့ ပြန်လည်သုံးပါလို့ပဲ ပြောရမှာပေါ့လေ။ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကြာရှည်ခံ ပစ္စည်းအမျိုးမျိုးဟာ ပြန်ပြန်သုံးနေလို့ ရတာကြောင့် သုံးတဲ့ပုံ မတူတာပဲဖြစ်စေပါဦးတော့ ခဏခဏ ပြန်သုံး ပေးပါ။

၂။ တတ်နိုင်သလောက် ဖြစ်နိုင်သလောက် ကြွတ်ကြွတ်အိတ်၊ ပလပ်စတစ်အိတ်တွေကို သုံးတာလျော့ပေးပါ
ပြန်သုံးလို့ရတဲ့ အိတ်တွေ (အဝတ်အိတ်လိုမျိုး) တွေကို အခြားနည်းလမ်းအဖြစ် တစ်လှည့်စီ သုံးပေးပါ။ ၆ ကြိမ် ကနေ ၁၀ကြိမ် လောက်အထိပဲ သုံးလိုက်ပါဦး။ အဲ့အိတ်တွေကနေ ချည်တွေပြန်ရနိုင်ပါသေးတယ်။ တစ်ခြား နေရာမှာ ထပ်သုံးလို့ရပါတယ်။

၃။အိမ်တွေမှာ လျှပ်စစ်စွမ်းအင် များများသုံးစွဲခြင်းဟာ အကြီးဆုံးသော စားသုံးသူဖြစ်နေပါတယ်
လျှပ်စစ်ထုတ်လုပ်ငန်းတွေကို သဘာဝရင်းမြစ်တွေသုံးရတာကြောင့်ဖြစ်ပါတယ်။ တစ်အိမ်လုံး မီးမထွန်းပဲ ထားပါဦး။ အိပ်ခါနီးကျရင်တော့ (၅) စက္ကန့်လောက်ပဲကြာတာဖြစ်တဲ့ ကွန်ပျုတာပိတ်တာမျိုး တော့ လုပ်ပေးပါ။ ချွေတာပါ။

၄။ အမှိုက်တွေထဲကနေ အစားအသောက်တွေကြီးပြင်းလာပါစေ
ကိုယ်မလိုအပ်တော့လို့ လွှင့်ပစ်တော့မယ့်အစား စိုက်ကြည့်ပါ။ ကန်စွန်းရိုးကို ပြန်စိုက်တာမျိုး၊ ခရမ်းချဉ်သီး အပုတ်ထဲက ကောင်းတဲ့အစေ့တွေပျိုးထောင်ပေးတာမျိုး၊ နာနတ်သီးခေါင်းကို ပြန်စိုက် တာမျိုး လုပ်ပေးပါ။

၅။ ဒေသတွင်း အစားအသောက်များပဲ စားသုံးပါ
တစ်နေရာကနေ တစ်နေရာကို သယ်ယူပို့ဆောင်လာတဲ့ စားစရာတွေကြောင့်ကုန်ရတဲ့ လောင်စာတွေကို သက်သာစေနိုင်တာ ဖြစ်ပါတယ်။

 

Tun Win Kyaw

http://www.wikihow.com/Improve-the-Environment


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်