တိကျသေချာတဲ့ အဖြေတွေရဖို့ ဘယ်လိုမေးမလဲ

27/04/2020 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍကတော့ အစိမ်းရောင်လမ်းရဲ့တောင်သူတိုင်းအတွက် အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်မိပါတယ်။

မေးခွန်းမေးတဲ့အခါ ကိုယ့်လယ်/ ယာ စိုက်ခင်းထဲက ဖြစ်နေတဲ့ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ ထည့်မေးပေးပါမှ ပညာရှင်တွေရဲ့ တကယ့်ထိရောက်တဲ့ အဖြေတွေကို ရနိုင်မှာပါ။ အဲ့တော့....

ဘယ်လိုမေးမလဲ

၁) အမျိုးအစားရွေးပေးရပါမယ် (မြေဆီလွှာ၊ အပင်အာဟာရ၊ စိုက်ပျိုးနည်း....စသဖြင့်)

၂) သီးနှံရွေးပေးရပါမယ် (ကိုယ်က ဘယ်သီးနှံအတွက် မေးချင်တာလဲ)

၃) မေးချင်တဲ့ အကြောင်းကို ရေးပေးရပါမယ် (ဒီနေရာမှာ  ပြည့်ပြည့်စုံစုံထည့်ပေးဖို့ ပြောချင်တာပါ။ အသက်ရက်၊ ဘာမြေဆီကျွေးထားတယ်၊ ဘာဆေးဖျန်းထားတယ်၊ ရေသွင်း/ ထုတ် စတာတွေကို အပြည့်အစုံလေးရေးပေးရပါမယ်။)

၄) ဓာတ်ပုံ - စိုက်ခင်းပုံ၊ ပိုးကျရောက်ပုံလေးထည့်ပေးရင်တော့ အကောင်းဆုံးပါ။

၅) မွေးမြူရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းမယ်ဆို‌ရင်တော့ နွားနဲ့ ငါးကိုသာရွေးချယ်ပြီး ကြက်/ဝက် /သိုး/ဆိတ် အကြောင်းတွေကိုပါ ပြည့်ပြည့်စုံစုံလေး မေးမြန်းနိုင်ပါတယ်။

အစိမ်းရောင်လမ်းကတော့ မေးခွန်းမေးလို့ မပြည့်စုံခဲ့ရင် တိကျတဲ့အဖြေရဖို့အထိ ပြည့်စုံအောင်လို့ မေးခွန်းတွေထပ်မေးသွားမှာပါ။ အဲ့တော့ အစကတည်းက ပြည့်ပြည့်စုံစုံလေးမေးခဲ့ရင်တော့ အကောင်းဆုံး အမြန်ဆုံးနဲ့ ဖြေရှင်းဖို့အတွက် အကူအညီဖြစ်မှာ မဟုတ်ပါလားရှင်။ 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်