မြေသြဇာအိတ်တွေမှာ NPK ပါဝင်မှုအတိအကျသိရဖို့ ဘယ်လိုတွက်မလဲ?

05/01/2022 10:30 AM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

မြေသြဇာအိတ်မှာ NPK ပါဝင်မှု ရာခိုင်နှုန်းတွေကိုတွက်တဲ့အခါ ပမာဏအတိအကျ သိရဖို့အတွက် တွက်နည်းကိုလေ့လာနိုင်ပါတယ်..

လူတိုင်းအလွယ်မှတ်နေတဲ့ NPK အချိုးဖြစ်တဲ့ 15:15:15 ပတ်လည်ပါဝင်တဲ့ ၅၀ ကီလို တစ်အိတ်မှာ အမှန်အချိုးက 7.5: 7.5: 7:5 ပါဝင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ (၁၀၀ကီလိုဂရမ်ကို အခြေခံပြီး ဖော်ပြထားတာကြောင့် ၁၅ပတ်လည်ဆိုပြီးရေးတာပါ)

အဲ့လိုဆိုရင် NPK အချိုးပါဝင်မှု ပမာဏ တိကျတယ်ဆိုတာ မဟုတ်သေးပါဘူး။ နိုက်ထရိုဂျင် (Nitrogen) အတွက်မှန်ပေမဲ့

ဖော့စဖောရပ်စ် (P) အချိုး 7.5 %ဟာ ဖော့စဖောရပ်စ် ပန်အောက်ဆိုဒ် (phosphorus pentoxide) (P2O5)ဖြစ်ပြီး 

ပိုတက်စီယမ် (K) အချိုး 7.5% ဟာ ပိုတက်စီယမ် အောက်ဆိုဒ် (potassium oxide) (K2O)ပဲရှိပါသေးတယ်။

သူရဲ့ ၅၀ ကီလိုဂရမ်မှာ ပါဝင်တဲ့ အလေးချိန်အတိအကျရဖို့ဆိုရင်

P2O5 ပမာဏဖြစ်တဲ့ 7.5 ကို 0.44 နဲ့ မြှောက်မှသာ P ရဲ့ အမှန်ပါဝင်တဲ့ အလေးချိန်ပမာဏ ရပါမယ်။

ဥပမာ - 7.5 × 0.44 = 3.3% သာ ဖော့စဖောရပ်စ် (phosphorus) ပါဝင်တယ်လို့ ဆိုပါတယ်။

K2O ပမာဏဖြစ်တဲ့ 7.5 ကို 0.83 နဲ့ မြှောက်မှသာ K ရဲ့ အမှန်ပါဝင်တဲ့ အလေးချိန် ပမာဏရပါမယ်။

ဥပမာ -7.5 × 0.83 =6.225% သာ ပိုတက်စီယမ် (potassium) ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့တာဆို 15ပတ်လည် မြေသြဇာတစ်အိတ် ၅၀ကီလိုမှာ NPK ပါဝင်မှာဟာ - 7.5: 3.3: 6.225 သာပါဝင်ပါတယ်။ (100ကီလိုမှာ အခြေခံပြီး ဖော်ပြမယ်ဆိုပါက 15: 6.6: 12.45 NPK ပမာဏအတိအကျပါဝင်တယ်လို့ မှတ်နိုင်ပါတယ်။ )

Reference.

Teaming with nutrients

(The organic Gardener"s Guide to Optimizing Plant Nutrition ) စာအုပ်မှဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်