ဆိတ်ကလေးမွေးဖွားပြီး ဘယ်လိုပြုစုကြမလဲ?

13/10/2021 10:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

၁။ ဆိတ်ကလေးမွေးဖွားပြီးပြီးချင်း ဦးခေါင်းကို သုတ်ပေးပါ။ လွတ်လပ်စွာ အသက်ရှူနိုင်ရန်ဖြစ်သည်။

၂။ ချက်ကြိုး၏အဖျားပိုင်းကို (၁၀ ရာခိုင်နှုန်း) အိုင်အိုဒင်းရည်ထဲသို့ နှစ်ထားခြင်းဖြင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်မည်ဖြစ်သည်။

၃။ အကယ်၍ ချက်ကြိုးမှ သွေးယိုစီးနေပါက အဖျားတစ်ဖက်တွင် သွေးရပ်သွားအောင် လိမ်ထားခြင်း (သို့မဟုတ်) ကြိုးဖြင့်ချည်ထားခြင်းပြုလုပ်ပါ။

    နို့ဦးရည်ခေါ် (Colostrum) သည် ကလေးမွေးဖွားပြီး ပထမရက်မှ ခုနှစ်ရက်အထိ မိခင်ဆိတ်မမှ ထုတ်ပေးသော ထူပျစ်၍ အဝါရောင်ရှိသော နို့ရည်ဖြစ်သည်။

၎င်းနို့ရည်၏ အသုံးဝင်ပုံနှင့် အရေးကြီးအချက်(၃)ခုတို့မှာ-

(၁) ၄င်းနို့ရည်တွင် ကူးစက်တတ်သောရောဂါကို ခုခံနိုင်စွမ်းရှိသော ပဋိဇီဝဓာတ်ပါရှိသောကြောင့် အထူးသဖြင့် အစာလမ်းကြောင်းတစ်လျှောက်တွင်ဖြစ်တတ်သော ရောဂါများမှ ယာယီအားဖြင့် ကာကွယ်ပေးသည်။

(၂) သန္ဓေသားနှင့်စပ်ဆိုင်သောအရာများ အစာလမ်းကြောင်း၌စုမိ၍ မလိုလားအပ်သည်များ ဖြစ်ပေါ်လာခြင်းကို ရှင်းလင်းပေးသည့် သဘာဝဓာတ်မျိုးအဖြစ် တာဝန်ထမ်းဆောင်​ပေးသည်။

(၃) နို့ဦးရည်မှ ဗီတာမင်အေ ကြွယ်ဝစွာရရှိပါသည်။ ဆိတ်ကလေးငယ်သည် ပထမရက်နှင့် နောက်ပိုင်းရက်များတွင် နို့ဦးရည်စို့ရန် မအောင်မြင်ခြင်း၊ အဆင်မပြေခြင်းမျိုးဖြစ်ပါက အဆင်ပြေအောင် ဆိတ်ကလေးငယ်အား ကူညီပေးရပါမည်။ ဆိတ်ကလေးငယ်၏ပါးစပ်ကို မဖြစ်မနေဟစေပြီး မိခင်၏နို့သီးကိုထည့်ပေး၍ နို့ဦးရည်ကို ညှစ်ပေးရပါမည်။

Ref: ဆိတ်မွေးမြူရေးစာမျက်နှာ။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်