ပဲတီစိမ်းအတွက် သီးလုံးဖောက်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

17/06/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    • အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။

    • လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။

ဖျက်ပိုး၏ ဝိသေသလက္ခဏာ

    • - ပုံသဏ္ဌာန်အားဖြင့် စက်လုံးပုံရှိကာ အရောင်အားဖြင့် နို့နှစ်ဖြူရောင်ရှိပြီး တစ်လုံးချင်းအုသည်။

    • လောက်ကောင် - အစိမ်းရောင်သန်းသည့်အရောင်မှ အညိုရောင်အထိရှိသည်။ ကိုယ်ခန္ဓာ အစိမ်းရောင်ရှိပြီး မီးခိုးညိုရောင် အရေးကြောင်းများ အလျားလိုက်ပါရှိသည်။ အနက်ရောင် သို့မဟုတ် ဖျော့တော့သော အရစ်များလည်းပါရှိသည်။

 

    • ရုပ်ဖုံး - အရောင်အားဖြင့် အညိုရောင်ရှိပြီး မြေကြီး၊ သစ်ရွက်၊ အသီးနှင့် သီးနှံအကြွင်းအကျန်များတွင် တွေ့ရသည်။ 

    • အရွယ်ရောက်ကောင် - ညိုဝါနုရောင်ရှိသော တုတ်ခိုင်သည့် ဖလံဖြစ်သည်။ ရှေ့တောင်ပံသည် မီးခိုးရောင်မှ အညိုရောင်ရှိကာ အင်္ဂလိပ်အက္ခဏာ “V” ပုံသဏ္ဌာန် အစက်အပြောက်များပါသည်။ နောက်တောင်ပံများတွင် မီးခိုးဖြူနုရောင်ရှိပြီး အပြင်ဖက်ပိုင်းအနားသားတွင် ကျယ်ပြန့်သည့် အနက်ရောင်သန်းသည်။

ကာကွယ်နှိမ်နင်းခြင်း

    • စီးပွားရေးထိခိုက်နိုင်သည့်အဆင့် - အသီး ၁၀% ကျရောက်ဖျက်ဆီးခံရပါက ပိုးသတ်ဆေး စတင်အသုံးပြုပါ။

    • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။

    • အဆီဖိတ် (Acephate) 

    • အင်မီဒါကလိုပရစ်ဒ် (Imidachloprid)

    • ကလိုပိုင်ရီဖော့စ် (Chlorpyrifos)

    • လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda cyhalothrin)

    • ဒိုင်ယာဇီနွန် (Diazinon)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်