ဖျက်ဆီးပုံလက္ခဏာများ
• အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။
• လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။
• ဖျက်ဆီးခံရသောပဲသီးမှဒဏ်ရာများသည် လုံးဝန်းသောအပေါက်များဖြစ်ကြသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာ
• လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင် ဦးခေါင်းပါရှိသည်။ အဆစ်အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အဆက်ပါရှိသော အစုံနှစ်စုံရှိသည်။
• အရွယ်ရောက်ကောင် - ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
• အပင်တစ်ပင်လျှင် သုံးကောင်တွေ့ရှိရပါက စီးပွားရေးထိခိုက်နိုင်သောအဆင့်ဖြစ်သည်။
• အညွန့်၊ အဖူးဝင်ချိန်ကတည်းက အောက်ပါပိုးသတ်ဆေး တစ်မျိုုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
• ကလိုပိုင်ရီဖော့စ် (Chlorpyrifos)
• လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda cyhalothrin)
• အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
• အဆီဖိတ် (Acephate)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏ စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်