ပဲပင်၏ မည်သည့်အရွယ်တွင်မဆို ရောဂါကျရောက်သည်။ ရောဂါစကျသည်နှင့် အရွက်များပေါ်တွင် အဖြူရောင် ပေါင်ဒါအမှုန့်များကို တွေ့ရသည်။
သေးငယ်သော အဖြူရောင် ပေါင်ဒါအကွက်ကလေးများ အရွက်များပေါ်တွင် ပထမဦးစွာ ပေါ်လာသည်။ ရောဂါကျရောက်နေသော အရွက်များသည် ခရမ်းရောင်သို့ ပြောင်းသွားပြီး နောင်တွင် သေသွားသည်။
ရောဂါကျရောက်မှု ပြင်းထန်ပါက ပင်စည်များ၊ ရွက်နုများနှင့် အသီးများတွင် အဖြူရောင် ပေါင်ဒါမှုန့်ဖြင့် ဖုံးအုပ်ထားသည်။
ကာကွယ်နှိမ်နင်းခြင်း
ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။
ပဲမျိုးနွယ်ဝင်မဟုတ်သောအပင်များနှင့် သီးလှည့်စိုက်ပါ။
အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
ဘီနိုမိုင်းလ် (Benomyl)
ပရိုပီကိုနာဇိုးလ် (Propiconazole)
တဗျူကိုနာဇိုးလ် (Tabuconazole)
သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)
ကလိုရိုသလိုနေးလ် (Chlorothalonil)
ဟက်ဇာကိုနာဇိုးလ် (hexaconazole
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။