ထွားကောင်စိမ်းကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

28/04/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

ငယ်ရွယ်တဲ့လောက်ကောင်တွေဟာ စပါးရွက်ပြားက တစ်ရှူးတွေကို ခြစ်စားပြီး အရွယ်ရောက် လောက်ကောင်တွေကတော့ စပါးအရွက်အနားသားတွေကို စားသောက်ပြီး ထစ်ရာတွေကို ဖြစ်စေပါတယ်။ မြေသြဇာအလွန်အကျွံကျွေးတဲ့ စပါးတွေဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။

ဒီဖျက်ပိုးကို စိုစွတ်တဲ့မြေပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ မိုးရာသီအတော အတွင်း ပေါများစွာ တွေ့ရပါတယ်။ နေ့ဖက်တွေမှာ အရွယ်ရောက်ဖလံအမတွေဟာ စပါးပင်ခြေတွေ ဒါမှမဟုတ် မြက်ရှိတဲ့နေရာတွေမှာ ပုံးအောင်းနေကြပြီး ညဖက်မှာ တက်ကြွကြပါတယ်။ ရုပ်ဖုံမလုပ်မီ အသက်အရွယ်ကြီးတဲ့ လောက်ကောင်တွေဟာ စပါးရွက်ကို လိပ်လိုက်ပြီး ရုပ်ဖုံးအခန်း ဖြစ်စေဖို့ ပိုးချည်နဲ့ လုံခြုံအောင် နေကြပါတယ်။ 

ဖျက်ဆီးပုံလက္ခဏာများ

အောက်ပါစားသောက်ဖျက်ဆီးမှုလက္ခဏာတွေကို စစ်ဆေးပါ။ 

    • စပါးရွက်အောက်ဖက်ကို ပေါ်စေပြီး ခြစ်ယူစားသောက်ခြင်းခံထားရသော စပါးရွက်များ 

    • ဖျက်ဆီးခံထားရသော စပါးရွက်အစွန်များ

၄င်းရဲ့ဖျက်ဆီးပုံလက္ခဏာဟာ မွှေးထူခူကောင်စိမ်းရဲ့ ဖျက်ဆီးပုံလက္ခဏာနဲ့ ဆင်တူပါတယ်။ ၄င်းရဲ့ ဖျက်ဆီးပုံဟုတ်မဟုတ် အောက်ပါတို့ကို စစ်ဆေးပြီး အတည်ပြုပါ။

    • စက်လုံးပုံဥများ

    • စပါးရွက်တွေပေါ်မှာစားသောက်နေကြသော စိမ်းဖျော့ရောင် လောက်ကောင်များ

စီးပွားရေးအရအရေးပါပုံ 

ဒီဖျက်ပိုးဟာ စပါးရဲ့ သာမညဖျက်ပိုးဖြစ်ပါတယ်။ ၄င်းရဲ့ လောက်ကောင်တွေဟာ စပါးရွက်တွေကို ကြွေစေပေမဲ့ စီးပွားရေးအရ ဆုံးရှုံမှု ဖြစ်ခဲပါတယ်။ သဘာဝရန်သူတွေက  ၄င်းတို့ရဲ့ အရေအတွက်ကို ထိန်းချုပ်ထားကြပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

ဒီဖျက်ပိုးကို ကပ်ပါးပြုတဲ့ ထရိုင်ဂိုဂရားမားနဂျီတွေ၊ အီချူမိုနစ်၊ ဘရာကိုနစ်၊ အီလက်စ်မစ်၊ ယူလိုမစ်နဲ့ ချာလ်စစ် နဂျီတွေနဲ့ ပင့်ကူတွေကို ပွားများအောင်လုပ်ပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်