နို့ခဲကို ဘယ်လိုလုပ်သလဲ လွယ်လွယ်လေးပါပဲ

02/04/2019 15:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

နို့ခဲကို ဟင်းလျာဖြစ် စားဖူးကြမှာပါ။ အဲဒီဟင်းမှာ သုံးတဲ့ နွားနို့ခဲကို ဘယ်လိုပြုလုပ်လဲသိလား။ လွယ်လွယ်လေးပါပဲ။

 

မရိုးပင်ကို ထောင်း၍ လက်ဖက်ရည် ပန်ကန်လုံး နှစ်ပန်းကန်လောက်ရအောင်ထောင်းပါ။ မရိုးရည်နှင့် နွားနို့ ၁၀ ပိဿာကို ရောကျိုပါ။ စစချင်းမီးအေးအေးနှင့်ကျိုပါ ပြီးနောက် ဆူပွက်လာတဲ့အထိ ကျိုပေးပါ။ ကျိုနေစဉ် ဝေမကျစေရန် ဂရုစိုက်ရမည်။ ကျိုပြီး ခဲလာပါက နွားနို့ခဲကို သန့်စင်သော ပိတ်စအတွင်းတွင်ထည့်၍ အပေါ်မှ အလေးဖိကာ ရေစစ်ထားပါ။

 

ရေစစ်လာလျှင် ဒိန်ခဲရလာပြီ ဖြစ်ပါသည်။

 

နို့ခဲကိုယ်တိုင်ပြုလုပ်သော နွားခြံပိုင်ခြံတစ်ဦး၏ ဗီဒီယိုကို လေ့လာကြည့်လို့ရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်