မျိုးစေ့လုံး (Seed Balls) လေးတွေလုပ်ကြမယ်

30/11/2018 15:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သင်ကရင်းနှီးကျွမ်းဝင်တဲ့နေရာတစ်ခုမှာ ပတ်ဝန်းကျင်ကို/ကမ္ဘာကြီးကို စိမ်းလန်းအောင်လုပ်ပေးချင်သူ တစ်ယောက် ဖြစ်ချင်သလား? မျိုးစေ့လုံး(Seed Ball)လေးတွေလုပ်ပြီး ကြိုးစားကြည့်လိုက်ပါ။ သူတို့က သဘာဝအလျောက်ပွင့်တဲ့ တောရိုင်းပန်းလေးတွေဖြစ်လာဖို့ အကောင်းဆုံး အလွယ်ကူဆုံးပါပဲ။

မျိုးစေ့လုံး (-၁၀)လုံးလောက်ထိ လုပ်ဖို့ ဘာတွေလိုအပ်မလဲ....?

၁။ တောပန်းမျိုးစေ့ - ၁ ကျပ်သား

၂။ မြေကြီး (အခြောက်) - ၅ ကျပ်သား

၃။ ရွှံ့စေးမြ (အခြောက်) - - ၃ ကျပ်သား (ဒီမှာတော့ အိုးလုပ်တဲ့ ရွှံ့မြေအနီကို အကြံပြုပါရစေ)

၄။ ရေ

၅။ ရောနယ်ဖို့အတွက် ဇလုံ တစ်လုံး

၆။ မျိုးစေ့လုံးတွေ အခြောက်လှန်းဖို့အတွက် ဗန်းတစ်ခု

၇။ ဖယောင်းစက္ကူ

ဘာတွေလုပ်ကြမလဲ...?

- ပထမဦးဆုံး ဗန်းပေါ်မှာ ဖယောင်းစက္ကူ ဖြန့်ခင်းလိုက်ပါ။

- မျိုးစေ့တွေနဲ့ မြေကြီးအခြောက်နဲ့ကို ဇလုံထဲမှာ ရောနယ်လိုက်ပါ။

- ရွှံ့မြေ အခြောက်ထည့်ပီး ထပ်မံရောနယ်ပေးပါ။

- ရောနယ်နေတဲ့အချိန်မှာ မျိုးစေ့နဲ့ မြေကြီးတွေ နှံ့စပ်သမသွားစေဖို့ ရေကို ဖြေးဖြေးချင်းလောင်း ထည့်ပြီး နယ်ပေးပါ။

- ပြီးလျှင်တော့ ရောနယ်ထားတဲ့ မြေကြီးကိုယူ လက်နဲ့အနေတော်လေးလုံးကြည့်။ ကွဲထွက်မသွားဘူး ဆိုရင်တော့ နယ်နေတာကို ရပ်လို့ရပါပြီ။

- ထပ်ပြီးတော့ တစ်လက်မအရွယ်ရှိတဲ့ အလုံးလေးတွေလုံးမယ်။ ဖယောင်းစက္ကူခင်းထားတဲ့ ဗန်းပေါ် တင်မယ်။ အခြောက်လှန်းမယ်။

- မျိုးစေ့လုံးတွေ ကောင်းကောင်းခြောက်သွေ့ဖို့အတွက်ဆိုရင် အနည်းဆုံးတစ်ရက် နေလှန်းပေးရပါ မယ်။

ဘာကြောင့် တောရိုင်းပန်းမျိုးစေ့နဲ့ လုပ်ရတာလဲ.?....မေးပါပြီ။

တောပန်းလေးတွေက ကျွန်တော်တို့လူသားတွေကြောင့် ဂေဟစနစ်စတင်မပြောင်းလဲခင်ကတည်းက ဂေဟစနစ်ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေက အရိုင်းပန်းတွေကိုဖယ်ပြီး အဲ့နေရာမှာ အခြားပန်းမျိုးတွေကို ပိုလှလာမယ်အထင်နဲ့ စိုက်ပျိုးနေကြပါတယ်။ ဒါက အကောင်ဆုံးဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ်ဆို သဘာဝအလျောက်ပေါက်တာမဟုတ်တဲ့ပန်းတွေက အပင်ဖြစ်ဖို့အတွက် ပိုခက်ခဲပါတယ်။ ပြီးတော့ နေရောင်ခြည်၊ သွင်းအားစု အာဟာရ အစရှိတာတွေရရှိနိုင်ဖို့အတွက် အခြားပန်းပင်တွေနဲ့ ယှဉ်ပြိုင်စားသောက်ရတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့မျိုးစေ့ကို သုံး ပြီး ခုလိုမျိုးစေ့လုံးလေးတွေ လုပ်နိုင်မယ်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်ပါမှာ။ ဒါဆိုရင်တော့ သင်ဟာ မြေနေရာလေးတစ်ခုကို အပင်သစ်လေးတွေစိုက်ပြီး အလှပဆုံးပြုလုပ်ပေးရုံသာမက သဘာဝဂေဟ စနစ်ကို ပြန်လည်ပြုပြင်ပေးနိုင်သူတစ်ယောက် ဖြစ်လာမှာ မလွဲမသွေပါပဲ။

မေဇင်ထွန်း

Source - https://climatekids.nasa.gov/seed-ball/

 

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်