အာဟာရပျော်ရည်ဖြင့်စိုက်ပျိုးခြင်း နည်းပညာ

15/01/2018 10:28 AM တွင် May Phyo Wai May Phyo Wai မှ ရေးသား

အာဟာရပျော်ရည်ဖြင့် စိုက်ပျိုးရေးဆိုသည်မှာ အဆင့်မြင့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ သီးနှံပင်၏ကြီးထွားမှုနှင့်ထုတ်လုပ်မှု အတွက်စိုက်ပျိုးမည့်ရေထဲတွင်အပင်နှစ်သက်သော အာဟာရများကို ထိန်းချုပ် ထည့်သွင်းထားသော စိုက်ပျိုးနည်းစနစ် ဖြစ်ပါတယ်။ တစ်နည်းဆိုရသော်မြေကြီး မပါဝင်ပဲရေထဲတွင်သာ စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ထိုစိုက်ပျိုးနည်းစနစ်သည်ထင်ရှားလာပြီး အဆင့်မြင့် စိုက်ပျိုးခြံများတွင် အသုံးပြုလာကြပါတယ်။

၁။စိုက်ပျိုးနည်း

အာဟာရပျော်ရည်စိုက်ပျိုးနည်းဆောင်ရွက်ရာတွင်စိုက်ပျိုးမည့်ရေထဲတွင်သီးနှံပင်၏ကြီးထွားမှုနှင့်အထွက်နှုန်းအမြင့်ဆုံးကို ရရှိစေရန် မရှိမဖြစ် လိုအပ်သော အာဟာရများကို အချိုးကျ ထည့်သွင်းထားရပါမယ်။ ရေ၏(ချဉ်ငံကိန်း) pHကိုလည်း သီးနှံအလိုက်အနှစ်သက်ဆုံး အခြေအနေမှာ ထိန်းချုပ်ပေးထားရမယ်။ ဘာကြောင့်လဲဆိုတော့သီးနှံပင်တွေဟာရေထဲမှ အာဟာရဓာတ်များကို ရယူကာနေရောင်ခြည်မှအလင်းဖြင့် အစာချက်လုပ်တဲ့အတွက်ဖြစ်ပါတယ်။ မြေကြီး မပါဝင်တဲ့ စိုက်ပျိုးရေးဖြစ်တဲ့အတွက်ကြောင့်မြေကြီးမှ လုပ်ဆောင်ပေးတဲ့အခြေခံဆောင်ရွက်ချက်များကို အစားထိုးပေးရန် လိုအပ်ပါတယ်။ မြေကြီး မပါဝင်သော စိုက်ပျိုးရေး ဖြစ်သောကြောင့်အောက်ပါ အခြေခံ အချက်များကို အစားထိုးဆောင်ရွက်ပေးရပါမယ်။

၂။သီးနှံပင်၏အမြစ်တွယ်ကပ်နိုင်ရန်ထောက်ပံ့မှု

ယေဘူယျအားဖြင့်အာဟာရရည်ဖြင့် စိုက်ပျိုးရာတွင်သဲ၊ကျောက်စရစ်နှင့်ပလပ်စတစ်ကဲ့သို့သောကြားခံ ပစ္စည်းများကို အမြစ် ကုတ်တွယ်ရန် အသုံးပြုကြပါတယ်။

၃။ အာဟာရဓာတ္ပံ့ပုိးမႈ

မြေကြီးဖြင့် စိုက်ပျိုးရာတွင်အာဟာရဓာတ်များ ကိုမြေကြီးထဲတွင်ရှိသော သက်ရှိ အကြွင်းအကျန် များဆွေးမြေခြင်းမှသီးနှံပင်အတွက် အာဟာရဓာတ်များကို ပံ့ပိုးပေး သကဲ့သို့ရေချည်း စိုက်ပျိုးရာတွငိလည်း သီးနှံပင်စားသုံးရန် အတွက်ဓာတ်မြေသြဇာများကိုရေထဲသို့အချိုး ညီညီ လုံလောက်စွာ ထည့်သွင်းပေးရမယ်။

၄။ အောက်စီဂျင်ပံ့ပိုးမှု

မြေကြီးဖြင့်စိုက်ပျိုးရာတွင်သီးနှံပင်များသည်လိုအပ်သောအောက်စီဂျင်ကို မြေကြီးအတွင်းမှရရှိနိုင်သလိုရေဖြင့် စိုက်ပျိုးရာတွင်လည်းအောက်စီဂျင် ရရှိစေရန် အတွက်ငါးများကို ကန်များဖြင့်မွေးမြူရာတွင် အသုံးပြုသောအောက်စီဂျင်ပေးသည့်နည်းစနစ်ကို အသုံးပြုရန် လိုအပ်ပါတယ်။

၅။ ရေပံ့ပိုးမှု

မြေကြီးတွင် စိုက်ပျိုးသော သီးနှံပင်သည်အမြစ်များမှမြေကြီး အတွင်းရှိရေကို ရှာဖွေစုပ်ယူရသော်လည်းရေတွင် စိုက်ပျိုးသော သီးနှံပင်သည်ရေကို တိုက်ရိုက်စုပ်ယူနိုင်ပါတယ်။

အထက်ပါ လုပ်ငန်းစဉ်များသည်သီးနှံပင်များအား အာဟာရပျော်ရည်ဖြင့် စိုက်ပျိုးနည်းဆောင်ရွက်ရာတွင်မြေကြီးကဲ့သို့ဆောင်ရွက်မှုများကို မည်ကဲ့သို့ အစားထိုးနိုင်မယ် ဆိုတာကို ရှင်းပြထားခြင်းဖြစ်ပါတယ်။

၆။ အကျိုးကျေးဇူးများ

အာဟာရပျော်ရည်ဖြင့်စိုက်ပျိုးနည်းဆောင်ရွက်ရာတွင်သီးနှံပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို လိုအပ်သော ပမာဏ ထည့်သွင်းခြင်းဖြင့် သီးနှံပင်မှလေလွင့်မှုမရှိပဲ အားလုံး စားသုံးနိုင်သဖြင့်ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျော့နည်း သက်သာစေပါတယ်။ မြေကြီးဖြင့် စိုက်ပျိုးနည်းထက်ရေ လိုအပ်မှု နည်းပါးပါတယ်။ရေ၏ (ချဉ်ငံကိန်း) pHနှင့်အာဟာရကို အကောင်းဆုံး အခြေအနေတွင် ထိန်းချုပ်ထားနိုင်သဖြင့်ကြီးထွားမှု မြန်ကာ အမြင့်ဆုံး အထွက်နှုန်းကို မျှော်လင့်နိုင်ပါတယ်။အလိုလျှောက်လည်ပတ်စေရန် စီမံထားနိုင်တ အတွက်ဆောင်ရွက်မှု လွယ်ကူပါတယ်။

ရိုးရာ စိုက်ပျိုးနည်းများနှင့် မတူညီပဲမြေနေရာ လိုအပ်မှုနည်းတဲ့ အတွက်ကြောင့် ထုတ်ကုန် အရည်အသွေး မြင့်မားပါတယ်။ ဖန်လုံအိမ်စိုက်ပျိုနည်းစနစ်များ နှင့်ပေါင်းစပ်ဆောင်ရွက်ပါက အကောင်းဆုံး အကျိုးကျေးဇူးများ ရနိုင်ပါတယ်။ တစ်ခုတည်းသော အားနည်းချက်မှာ ကနဦး တည်ဆောက်မှု စရိတ်ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တောင်သူ အများစုမှာ အာဟာရပျော်ရည်စိုက်ပျိုးနည်းစနစ် ကိုဆောင်ရွက်ခြင်းဖြင့်အကျိုးကျေးဇူးများကို ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။

မေဖြိုးဝေ

ကုိးကား၊www.agrifarming.in အားဆီလျော်သလို ဘာသာ ပြန်ဆိုပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်