အော်ဂဲနစ်စိုက်ပျိုးရေးအတွက် သဘာဝမြေဆွေး (organic manures)ရဲ့အရေးပါမှုများ

09/05/2019 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

               အော်ဂဲနစ်စိုက်ပျိုးရာမှာ အပင်ကြီးထွားမှုကောင်းစေဖို့၊ ပိုးမွှားရောဂါကင်းစေဖို့ရန်အတွက် ဓာတုပစ္စည်းများကို  အသုံးပြုပြီး စိုက်ပျိုးလို့မရပါဘူး။ ထို့ကြောင့် ဓာတုဆေးတွေအစား သဘာဝမြေဆွေး (organic manures)ကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။

 

  • သဘာဝမြေဆွေးကို မြေကြီးထဲသို့ ထည့်သွင်းခြင်းဖြင့် အထွက်နှုန်းတိုးပြီး အရည်အသွေး ပြည့်မှီသောသီးနှံများ ထွက်ရှိနိုင်သော မြေဆီလွှာဖြစ်လာစေတယ်။
  •  အပင်ကလိုအပ်တဲ့ အာဟာရအားလုံးကို ထောက်ပံ့ပေးတယ်။
  • အပင်ကြီးထွားမှုကိုတိုးစေပြီး အပင်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို တိုးမြင့်စေတယ်။
  •  မြေကြီးရဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိကို တိုးမြင့်စေနိုင်တယ်။ ဥပမာမြေကြီး သမန်းကောင်းစေခြင်း၊ မြေကြီးလေဝင်လေထွက်ကောင်းမွန်စေခြင်း၊ အပင်အမြစ် များမြေကြီး ထဲသို့ ထိုးဖောက်ဝင်ရောက်မှု ကောင်းစေခြင်း၊ မြေကြီး၏ရေစိမ့်ဝင်အားကို ကောင်းမွန်စေခြင်း စသည်တို့ကို တိုးမြှင့်စေသည်။ သဘာဝမြေဆွေးမှာ ကာဗွန်ပါဝင်မှုများ သောကြောင့် ရွံ့ဆန်သောမြေတွေကို ရေစိမ့်ဝင်မှုနှင့် လေဝင်လေထွက်ကောင်းမွန်စေပြီး သဲဆန်သောမြေတွေကို အစိုဓာတ် စုပ်ယူဖို့ရန်နှင့် ရေထိန်းစွမ်းအားတိုးမြှင့်ဖို့ရန် ကောင်းမွန် စေသည်။ သဘာဝမြေဆွေးမှာ ပါဝင်တဲ့ကာဗွန်က မြေကြီးအစုအဝေးဖြစ်ပေါ်ဖို့ကူညီပေးတဲ့ အနုဇီဝသက်ရှိတွေရဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်တယ်။
  •  ပြင်ပမှဝယ်ယူသုံးစွဲရတဲ့ သွင်းအားစု လိုအပ်ချက်ကို လျော့နည်းစေလို့ အသုံးပြုသူအတွက် အကျိုးအမြတ်ပိုကျန်နိုင်တယ်။
  • သဘာဝမြေဆွေးအများစုက စွန့်ပစ်ပစ္စည်းတွေကနေ ပြန်လည်အသုံးချ၍ ပြုလုပ်ထားခြင်းဖြစ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အနည်းဆုံးဖြစ်စေသည်။
  • သဘာဝမြေဆွေးများကို ပြည့်စုံတဲ့အပင်အာဟာရလို့ ယူဆကြပါတယ်။ သဘာဝ​မြေဆွေးများသည် ဓာတုပစ္စည်းများ အဆက်မပြတ်သုံးစွဲမှုကြောင့် အက်ဆစ်ဆန်လာသောမြေကို ပြန်လည်ကောင်းမွန်စေနိုင်တယ်။
  • သဘာဝမြေဆွေးသုံးပြီး စိုက်ပျိုးထားသောသီးနှံသည် ဓာတုဆေးသုံးပြီး စိုက်ပျိုးထားသော သီးနှံထက် လူသားနှင့်တိရိစ္ဆာန်တွေအတွက် ပိုမိုကျန်းမာပြီး အာဟာရပြည့်ဝစေတယ်။
  • အော်ဂဲနစ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသောသီးနှံသည် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည် ရှိသောကြောင့် အခြားကာကွယ်ကုသမှု အနည်းငယ်သာ လိုအပ်တယ်။
  • စားသုံးသူများက ဓာတုဆေးအကြွင်းအကျန်နည်းသော စိုက်ပျိုးရေးသီးနှံများကို ပိုမိုဝယ်ယူလိုကြတယ်။ထို့ပြင်
    အော်ဂဲနစ်စိုက်ပျိုးရေးက ဓာတုပစ္စည်းအမှုန်အမွှားများ ပတ်ဝန်းကျင်ပေါ်သက်ရောက်မှုများကို ရှောင်ရှားရာမှာ အကူအညီဖြစ်စေတယ်။
  • အော်ဂဲနစ်စိုက်ပျိုးရေးက ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးရုံသာမက ပျက်စီးဆုံးရုံးသွားသော ဧရိယာတေွကိုပါ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ဒါကြောင့်  သဘာဝမြေသြဇာအသုံးပြုတဲ့ အော်ဂဲနစ်စိုက်ပျိုရေးက  သီးနှံတစ်မျိုးတည်းစိုက်ပြီး ဝင်​ငွေရရှိခြင်းထက် သီးနှံအမျိုးအစားအစုံစိုက်ပြီး ဝင်ငွေပိုရစေဖို့ ရည်ရွယ်တာလည်းဖြစ်တယ်။

Ref: Organic and sustainable horticultural crop production

 

Wutt Hmone

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်