ပြည်တွင်းဝယ်လိုအားတက်လာတာကြောင့် ပဲဈေးနှုန်းများ ပြန်တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
ပြည်တွင်းကုမ္ပဏီများမှ ဝယ်လိုအားလိုက်လာတဲ့အတွက် ပဲဈေးနှုန်းများမှာအရင်တစ်ပတ်ကထက် ပြန်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။
“အိန္ဒိယကိုတင်ပို့တာက (၁၀) လပိုင်းကုန်အမီတင်ပို့ရမှာဖြစ်တဲ့အတွက် ပြည်တွင်းဝယ်လိုအားတွေ ပြန်လိုက်လာတဲ့အတွက် ဈေးနှုန်းကပြန်တက်လာတယ်။ မတ်ပဲဆိုအရင်တစ်ပတ်ကထက် ၄၅၀၀၀ တက်လာတယ်။ ပဲစဉ်းငုံကတော့ ၂၅၀၀၀ လောက်တက်လာတယ်”
ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တန်ကို ၇၆၀၀၀၀ ကျပ်တက်လာပြီး ပဲစဉ်းငုံတစ်တန်ကို ၈၃၅၀၀၀ ကျပ်တက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မတ်ပဲနဲ့ ပဲစဉ်းငုံကို အိန္ဒိယကို အဓိကထားတင်ပို့နေတာဖြစ်ပြီး အခြားပြည်ပနိုင်ငံများကို လည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ
Greenovator