၂၀၂၀ခုနှစ်၊ မေလဆန်းအထိ ကျဆင်းနေသည့် ကွမ်းဈေးကွက်မှာ ယခုရက်ပိုင်း၌ ပြန်လည်ဦးမော့လာကြောင်း ကွမ်းစိုက်ပျိုးတင်ပို့ရောင်းချနေသူများက ပြောသည်။
အခုရက်ပိုင်းလေးတင် ကွမ်းဈေးက ပြန်တက်လာတယ်။ အခုလို ဈေးပြန်တက်လာတာ လိုင်းကားလမ်းကြောင်းတွေ ပြန်ပွင့်လာတာရယ်၊ ကွမ်းကောင်း ရှားပါးနေတာရယ်ကြောင့်လို့ ယူဆရပါတယ်။
ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ကွမ်း စိုက်ပျိုးတင်ပို့ရောင်းချနေသူ ကိုမင်းလွင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့၊ ဟင်္သာတမြို့၊ ကျောင်းကုန်းမြို့၊ ပန်းတနော်မြို့၊ ဇလွန်မြို့၊ မအူပင်မြို့ စသည့်ဒေသများမှ ထွက်ရှိသည့် ကွမ်းကို ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာစျေးဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်သည်။
တစ်ပိဿာကို ၆၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်လောက်အထိ ဈေးပြန်တက်နေပါပြီ။ ခုလို ဈေးတွေ ပြန်တက်လာတာကတော့ တစ်ပတ်လောက်ပဲ ရှိသေးပါတယ်။
ဟု သီရိမင်္ဂလာစျေးရှိ ကွမ်းဒိုင်တစ်ခုမှ ပြောသည်။
မေလ(၁၀)ရက်နေ့ ဝန်းကျင်အထိ ကွမ်းဈေး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ် အတွင်းဈေးများဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်
Greenovator