ယခင်နှစ်ထက် ဝဥဈေးနှုန်းမြင့်တက်လာ

16/09/2019 15:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခင်နှစ်ထက် ဝဥဈေးနှုန်းများမှာ မြင့်တက်လာကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

   ဝဥအစိုဈေးနှုန်းများမှာ ပြည်တွင်းဝယ်လိုအားလိုက်လာတာကြောင့် မြင့်တက်လာတာဖြစ်တယ်လို့ ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားက ပြောပါတယ်။

   “မြန်မာ့ဝဥက ပြည်တွင်းဝယ်လိုအားလိုက်လာတဲ့အတွက် အရင်နှစ်ကထက် ဝဥဈေးနှုန်းများမှ တစ်ပိဿာကို ကျပ် ၃၀၀ မြင့်တက်လာတာဖြစ်ပါတယ်။ အခု ဝဥရာသီအစမှာတင် ဈေးနှုန်းက အရင်နှစ်ထက်ကောင်းတယ်”

   အရင်နှစ်က ဝဥအစိုတစ်ပိဿာကို အမြင့်ဆုံးဈေး ၁၃၀၀ ကျပ်ဝန်းကျင်သာရရှိခဲ့ပြီး အခုနှစ်မှာ ဝဥအစိုတစ်ပိဿာကို ၁၆၀၀ ကျပ်ဝန်းကျင် ရရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။ 

   ယခင်နှစ်က ဝဥအစိုတစ်ပိဿာကို အမြင့်ဆုံးဈေး ၁၃၀၀ ကျပ်ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ်မှာ ဝဥအစို တစ်ပိဿာကို ၁၆၀၀ ကျပ်ဝန်းကျင် ရရှိနေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်