မြန်မာ့အစေ့ထုတ်ပြောင်း ဈေးနှုန်းတက်လာ

18/05/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခုလက်ရှိ မြန်မာ့အစေ့ထုတ်ပြောင်း  ဈေးနှုန်းမှာ အခုတစ်ပတ်အတွင်း အနည်းငယ်တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

မြန်မာ့အစေ့ထုတ်ပြောင်းများမှာ ပြီးခဲ့တဲ့လက ဝယ်ယူတင်ပို့မှု နည်းပါးတဲ့အတွက်ဈေးနှုန်းကျဆင်းပြီး အခုမေလဆန်းပိုင်းမှာ ဈေးနှုန်းတက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။

အခုလက်ရှိကတော့ ထိုင်းနိုင်ငံကိုတင်ပို့နေတယ်။ တရုတ်ကတော့ တင်ပို့ခွင့်မရတာတော်တော်ကြာသွားပြီ။ ပြီးခဲ့တဲ့လက ဝယ်ယူတင်ပို့မှုနည်းပါးတာလည်းပါလို့ ဈေးနှုန်းကျဆင်းတာပါ။ အခုတစ်ပတ်မှာတော့ ဈေးနှုန်းပြန်တက်လာပါတယ်

မြန်မာ့အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာကို ၅၀၀ ကျပ် ဝန်းကျင်မှ အခုလက်ရှိမှာ တစ်ပိဿာကို ၅၂၀ ကျပ်ဝန်းကျင်ဈေးနှုန်းရှိလာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့အစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်