နေ့အပူချိန်များ မြင့်တက်နေသည့် အခြေအနေသတင်း

22/05/2019 05:05 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား

(၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့ ထုတ်ပြန်ချက် )

 (က) ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှစ၍ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ့အပူချိန်များသည် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီ စင်တီဂရိတ်အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ၏ ပုံမှန် အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၇)ဒီဂရီစင်တီဂရိတ် အထိလည်းကောင်း၊ မြင့်တက်လျက်ရှိရာ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်(၃)ရက်အထိ နေ့အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

(ခ) သို့ပါ၍ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ပြည်သူများအနေဖြင့် နေ့အပူချိန်များ သိသာစွာ မြင့်တက်နေမှုကို သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

သတင်းရင်းမြစ် - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်