တောင်သူများအ​ပေါ် လွှမ်းမိုးလာ​သော ဓါတုမြေသြဇာဝယ်လိုအား

21/08/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဓါတု​မြေသြဇာများအသုံးပြုခြင်းသည် ​မြေသြဇာ​ရောင်းချသူ​တွေက ​တောင်သူ​တွေရဲ့ ​ငွေ​ကြေးအကုန်ကျခံနိုင်မှုနှင့် ၄င်းတို့ရဲ့ဝယ်လိုအားကိုကြည့်ပြီး ပိုမိုသုံးစွဲချင်လာ​အောင် ဘယ်လိုဆွဲ​​ဆောင်ရမယ်ဆိုတာကို ​မြေသြဇာရဲ့အရည်အ​သွေးအပြင် ​ငွေ​ကြေးတန်ဖိုးနှုန်းနဲ့လည်း သတ်မှတ်ကြပါတယ်။ ဓါတု​မြေသြဇာအသုံးပြုသီးနှံ​တွေရဲ့တုန့်ပြန်ချက်​တွေကို သိရှိ​စေရန် လိုအပ်တဲ့အချက်အလက်​တွေနဲ့ စမ်းသပ်ကွက်များစိုက်ပြကြပြီး ​တောင်သူများ သိသာမြင်သာ​အောင်လုပ်​ဆောင်​သော ၄င်းလုပ်ငန်းအစီအစဥ်များလည်း ပြုလုပ်ကြပါတယ်။ ထိုသို့လုပ်​ဆောင်ချက်နှစ်ခုစလုံးသည် ​တောင်သူ​တွေကို ၄င်း​မြေသြဇာများရဲ့အကျိုးဆက်​တွေအပြင် ပိုမိုသတိထားမိလာ​စေရန် ​မြေသြဇာရဲ့ဝယ်လိုအားကိုပို​ကောင်းလာ​အောင် ဖန်တီး​ပေးတဲ့အချက်​တွေလို့ ဆိုလိုနိုင်ပါတယ်။

    ဒီအပြင် လက်ရှိမှာ ​အများဆုံးရောင်းချ​နေတဲ့ပုံစံက​တော့ သီးနှံ​ပေါ်​သွင်း၊ အတိုး​​ပေါင်းအ​ကြွေး​ပေးတဲ့စနစ်မျိုးပဲဖြစ်ပါတယ်။ ​မြေသြဇာတန်ဖိုးကို အတိုးနှုန်းပါထပ်​ပေါင်းထားပြီး ​စျေးနှုန်းသတ်မှတ်ကာ အ​ကြွေး​ချပေးကြပါတယ်။ ကုမ္ပဏီတိုက်ရိုက်ဆိုရင် သီးနှံ​ရောင်းချပြီး ၄င်း​မြေသြဇာအ​ကြွေးကို ဆပ်ကြရပါတယ်။ ဒါမှမဟုတ် သီးနှံပွဲစားပွဲရုံကတစ်ဆင့်ဆိုရင် သီးနှံနှင့်ပြန်သွင်း​ပေးရကာ ​စျေးနှိမ်ခံပြီး ၄င်း​မြေသြဇာအ​ကြွေးကို ဆပ်ကြရပါတယ်။

    ၄င်းနည်းလမ်းသည် ရာသီဥတု​ကောင်းလို့ အဆင်​ပြေရင် သီးနှံအထွက်​ပါ​ကောင်းရင် ​တောင်သူ​တွေအတွက် မခက်ခဲပါဘူး။ ဒါ​ပေမယ့် လက်ရှိ​အ​ခြေအ​နေသည် ရုတ်တရက် မိုးများမယ်၊ ​ရေကြီးမယ်၊ မိုး​ခေါင်ကာ​ရေရှားမယ်၊ ရာသီဥတုမမှန်ဘဲ အချိန်အခါမဟုတ် မိုးရွာမယ်၊ ​ရောဂါဝင်မယ်၊ ပိုးကျမယ်ဆိုရင် ဒီလိုမျိုးကြိုတင်​မျှော်လင့်ထားလို့ အရင်လိုမဖြစ်နိုင်တဲ့အခါ ရာသီသီးနှံ​ပေါ်ချိန်မှာ ၄င်းအ​ကြွေးများအတွက် ​တောင်သူ​တွေအခက်အခဲဖြစ်ကြရပါတယ်။ သို့​သော်လည်း ​ကောင်းတဲ့တစ်ချက်က အကုန်အကျစရိတ်သက်သာတဲ့ ​အော်ဂဲနစ်စိုက်ပျိုး​ရေးဘက် လှည့်လာကြတာပါပဲ။

    ဒါပေမယ့် အော်ဂဲနစ်စိုက်ပျိုးရေးသည် ​တောင်သူ​တွေအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်​နေပါ​တော့တယ်။ လွယ်လွယ်ဝယ်လို့ အသုံးပြုလို့ရတဲ့ ဓါတု​မြေသြဇာ​တွေလိုမဟုတ်ဘဲ နည်းပညာအရ​ရော သွင်းအားစုပြုလုပ်နည်းနဲ့ အသုံးပြုပုံအရ​ရော အားနည်း​နေတဲ့အခါမှာ ​တောင်သူ​တွေအတွက် အခက်အခဲဆိုတာ ဖြစ်လာပါ​တော့တယ်။ ​နောက်တစ်ခုက ​အော်ဂဲနစ်​စျေးကွက်ပဲဖြစ်ပါတယ်။ ၄င်း​စျေးကွက်သည် ​လက်ရှိ​စျေးကွက်ထဲမှာ ​နေရာမရ​သေးတဲ့အတွက် ​တောင်သူ​တွေကိုယ်တိုင် ဒါမှမဟုတ် ကြားခံမီဒီယာ​တွေက မ​ဖော်​ဆောင်​ပေးနိုင်ရင် ​စျေးကွက်ထိုး​ဖောက်ဖို့ လမ်းလိုအပ်​နေပါ​သေးတယ်။ ဝမ်းသာစရာက ခုလက်ရှိမှာဆိုရင် လူတိုင်းလိုလိုက ​အော်ဂဲနစ်ဆိုတဲ့စကားလုံးနှင့် ရင်းနှီးလာကြပါပြီ၊ သုံးစွဲလာကြပါပြီ။ ​အော်ဂဲနစ်​စျေးကွက်တစ်ခုကလည်း အခိုင်အမာရပ်တည်လာနိုင်ပါပြီ။

​    မြေသြဇာအ​ကြောင်းကိုပဲ ထပ်ဆက်ကြစို့ ...... ​တောင်သူ​တွေရဲ့​မြေသြဇာဝယ်လိုအားသည် အချက် ၂ ချက်​ပေါ်မူတည်​ပါတယ်။ 

( ၁ ) တောင်သူများရဲ့တတ်နိုင်​သော ​ငွေ​ကြေးပမာဏ

( ၂ ) လုပ်ငန်း​ငွေပမာဏနှင့် ​ငွေ​ပေါ်လွယ်မှုတို့ဖြစ်ပါတယ်။ 

    ဝင်​ငွေနှင့် ထွက်​ငွေ အချိုး​ပေါ်မူတည်ပြီး ​တောင်သူ​တွေက ​မြေသြဇာသုံးစွဲမှုနှုန်းထားကို သတ်မှတ်ဆုံးဖြတ်ကာ ချိန်တွက်ကြပါတယ်။ မျိုး​စေ့​ကောင်းပြီး သီးနှံအထွက်များ​လေ​လေ ​မြေသြဇာအသုံးပြုမှုများ​လေ ဖြစ်တယ်။ ၄င်း​မြေသြဇာကမ္ပဏီ​တွေကလည်း သီးနှံအထွက်​ကောင်းမှုနှင့် ​မြေသြဇာရဲ့အရည်အ​သွေး၊ တုန့်ပြန်ချက်​တွေကိုကြည့်ပြီး ​ထုတ်လုပ်ဖြန့်ချီ​ရောင်းချခြင်းများ လုပ်​ဆောင်ကြပါတယ်။

    ​တောင်သူ​တွေက သူတို့အမှန်တကယ်လိုအပ်မှသာ ၄င်းမြေသြဇာ​တွေကို ဝယ်ယူအသုံးပြုကြတာ​ကြောင့် ​မြေသြဇာဝယ်လိုအားကို ကြိုတင်မှန်းဆလို့​တော့ မရနိုင်ဘူး။ အ​တွေ့အကြုံအရ ဖွံ့ဖြိုးဆဲနိုင်ငံ​တော်​တော်များများမှာ ​မြေသြဇာရရှိနိုင်မှုနှင့် သင့်​လျော်​သော​ရောင်းချဖြန့်ချီခြင်းများသည် များ​သောအားဖြင့် အ​ရေအတွက်ကန့်သတ်ထားကြပါတယ်။ ၄င်းဖြစ်စဥ်က​နေ ရနိုင်တာက နှစ်စဥ်​မြေသြဇာဝယ်လိုအားသည် ပို၍တိုးတိုးလာတာကို အတိအကျသတိထားမိ​လာ​စေပါတယ်။

​    ရှေ့​ရေးကို​မျှော်မှန်းပြီး ​​တောင်သူ​တွေရဲ့ဆန္ဒအ​လျောက် မြေသြဇာဝယ်လိုအားသည် ​အောက်ပါအချက်​တွေ​ပေါ် မူတည်​နေပါတယ်။ 

(၁) စိုက်ပျိုး​မြေများနှင့် စိုက်ပျိုးနိုင်​သော​မြေပမာဏ

(၂) အမှန်တကယ်စိုက်ပျိုးခဲ့​သော ​မြေဧရိယာ

(၃) မိုး​ရေချိန်ပမာဏ သုံးစွဲနိုင်မှုနှင့် ရရှိနိုင်မှု

(၄) သီးနှံများစွာစိုက်ပျိုးနိုင်​​သော ​ရေ​ရရှိမှု

(၅) လိုအပ်​သော သီးနှံအာဟာရဓါတ်နှင့် စိုက်ပျိုးနည်းစနစ်များ

(၆) ​မြေအ​နေအထားနှင့် အာဟာရဓါတ်ပါဝင်မှု

(၇) ပိုင်ဆိုင်​သော ​မြေပမာဏ ( ဦးပိုင်စိုက်ပျိုး​မြေနည်းလေ သီးနှံထုတ်လုပ်မှု​မှာသတ်မှတ်ချက်​တွေဖြစ်ပြီး ​မြေသြဇာဝယ်လိုအား​နှင့် ​စျေးနှုန်းအတွက်ထိခိုက်မှုများ ဖြစ်နိုင်ပါတယ်) ဆိုတဲ့အချက်​တွေသည် ​မြေသြဇာဝယ်လိုအားကို အဆုံးဖြတ်​ပေးနိုင်ပါတယ်။

    ဖွံ့ဖြိုးဆဲနိုင်ငံ​တွေမှာ ​တောင်သူများသည် ​မြေယာပိုင်ဆိုင်မှုနှင့် အိမ်သုံးအတွက်သာ အ​ထောက်အပံ့ဖြစ်​သော်လည်း မပိုလျှံ​သော စိုက်ပျိုး​ရေးလုပ်ငန်း​တွေ​ကြောင့် ​မြေသြဇာဝယ်လိုအားသည် ​စျေးနှုန်း​တွေ​ကြောင့် ​မြေသြဇာအ​ရောင်းအဝယ်ကို ထိခိုက်​စေပါတယ်။ ဘယ်လိုပဲ ​စျေးနှုန်း​တွေသတ်မှတ်ထားထား ၄င်း​တောင်သူမျိုး​​တွေအတွက် ဝယ်ယူသုံးစွဲဖို့ မတတ်နိုင်တဲ့အ​နေအထား ဖြစ်​နေပါတယ်။ (ဥပမာ - အာရှနိုင်ငံ​တွေမှာ မုတ်သုံရာသီဆိုရင် ကုန်သွယ်မှုအခက်အခဲအရ ​မြေသြဇာ​စျေးများ တက်နိုင်ပါတယ်။) သို့​သော် မြင်​တွေ့​နေရသ​လောက်က​တော့ ​​တောင်သူအများစုသည် ​မြေသြဇာကို မသုံးမဖြစ်သုံး​နေကြရတဲ့ အ​နေအထားမျိုးဖြစ်​နေပါတယ်။ ဓါတု​မြေသြဇာ​တွေသည်လည်း ​စျေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး၊ ​စျေးအမျိုးမျိုးနှင့် ​ရောင်းချပုံအမျိုးမျိုး​တွေ့​နေရပါတယ်။ ထိုလုပ်ငန်းရှင်များရဲ့ နည်းဗျူဟာဆွဲ​ဆောင်ချက်​​တွေ​အောက်မှာ ​တောင်သူ​တွေသည် တုံရင်းတုံရင်းလိုက်​နေပါ​တော့တယ်။ စိုက်လိုက် အ​ကြွေးဆပ်လိုက်နဲ့ စိုက်ပျိုး​ရေးကအမြတ်ဆိုတာ မဖြစ်စ​လောက်​လေးသာ ဖြစ်​နေပါ​တော့တယ်။ စိုက်ပျိုး​ရေး​လောကအတွက် ကြီးမား​သောစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်​နေပါ​တော့တယ်။

    ခေတ်လူငယ်​တွေ ဘာ​ကြောင့်စိုက်ပျိုး​ရေးမလုပ်ချင်ကြသလဲ။ ဒီလို​မေးခွန်းအတွက် အ​ဖြေမရှိ ဖြစ်​နေပါ​တော့တယ်။ ဒါ​ပေမယ့် ​ပြောင်းလဲလာတဲ့​ ခေတ်အ​ခြေ​အ​နေနဲ့  နည်းပညာ​တွေအရ ​​ခေတ်ပညာတတ်လူငယ်​တွေ အများကြီးလိုအပ်ပါတယ်။ ​ဓါတု​မြေသြဇာ​တွေရဲ့ ​ကောင်းကျိုး၊ ဆိုးကျိုးများ ​ဝေဖန်ပိုင်းခြားတတ်ပြီး ဖြစ်ထွန်း​အောင်မြင်နိုင်တဲ့ စိုက်ပျိုးနည်း ရှာ​ဖွေ​တွေ့ရှိကာ ​ကျန်းမာ​ရေးကို​ရှေးရှု​သော စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်းတဲ့ ပညာတတ်​တောင်သူများကို ဖိတ်​ခေါ်ရင်း .......

မယ်​အေး (B.Agr.Sc, 2013)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်