ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး ၁

08/12/2017 22:29 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

 

 

· မျိုးကောင်း မျိုးသန့်နှင့် စိုက်စနစ်

စိုက်ခင်းတခုမှာ ဘာပဲစိုက်စိုက် ရေ မြေ အလင်းရောင်ကို အခြေခံသလို ဘက်စုံ အပင် ပိုးမွှား ရောဂါကာကွယ်ရေး

 မျိုးကောင်း မျိုးသန့်

 ဘက်စုံ ပိုးရောဂါ ကာကွယ်ရေး စနစ်မှာ အခြေခံအဆင့် အနေနဲ့ မျိုးကောင်း မျိုးသန့် စိုက်စနစ် ရာသီအချိန်အဆ တွေကို စနစ်တကျ ဂရုပြုမယ်ဆိုရင် ပိုးသတ်ဆေး မှိုသတ်ဆေး ကိုင်တွယ်မှု အနည်းပါးဆုံးအထိ လျော့ချနိုင်တာ တွေ့ရပါတယ်။ ကျွန်တော် ခရမ်းဘက်မှာ ပဲတီစိမ်း စိုက်ခင်းတခုကို လေ့လာချိန်မှာ ပဲပင်တွေ အကွက်လိုက်ပျောက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ ကျနော် ရေဆင်း ပဲတီစိမ်းစပ်မျိုးကို အကြံပေးတိုက်တွန်းလို့ စိုက်မိတဲ့အခါ ပဲတီစိမ်း အပင်ကောက်ကွက်ပျောက်တာ သက်သာတာကို တွေ့မိပါတယ်။မျိုးကောင်း မျိုးသန့် ဆိုတာမှာ မျိုးစေ့ ညီညာမှု အပင်ပေါက်နှုန်း ရာသီရောဂါ ပိုးဒဏ် ခံနိုင်မှု အထွက်နှုန်းကောင်းမွန်မှု တွေအပေါ် မူတည်ပါတယ်။မိမိစိုက်နေကျ ဒေသမျိုးတွေမှာ ယေဘူယျအားဖြင့် မျိုးကောင်း မျိုးသန့် ဆိုတာထက် မျိုးရရှိရေးအတွက်သာ အဓိက ထားတာတွေ့ရပါတယ်။ပဲစိုက်တောင်သူများအနေဖြင့် ပဲစျေးကောင်းပါက ပဲမျိုးမကျန်အောင် ရောင်းပြီး ပွဲစားထံမှ တပါးသူရောင်းပြီး ကျန်သော ပဲအုပ်စုကို ပြန်ဝယ်ပြီး မျိုးအဖြစ် ပြန်လည်စိုက်ပျိုးလေ့ရှိပါတယ်။အချို့ကတော့ မျိုးပဲဆိုပြီး ရောင်းရာမှာ မိမိအတွက် ချန်ရောင်းလေ့လဲရှိပါတယ်။

 ဒါပေမယ့် မျိုးပဲ မျိုးစပါးအတွက် ဆိုပြီး စနစ်တကျ ပြုလုပ်မှု နည်းပါးပါတယ်။အဲဒီကစပြီး မျိုးကိစ္စ ဆက်ပြောစရာဖြစ်လာပါတယ်။မိမိတို့ မျိုးအဖြစ် ပြုလုပ်ထားတဲ့ ပဲ စပါး စတာတွေဟာ မျိုးရိုးနဲ့ ပြောရင် တီ တွတ် ကျွတ် တင်မကဘူး ဆတ်အဆင့်တောင်ကျော်လွန်နေပြီဆိုမှားမယ်မထင်။မျိုးအရည်အသွေးတွေဟာ အလွန်ညံ့လာပြီအထွက်နှုန်းတွေလဲ ကျဆင်းလာတာကို စိုက်ပျိုးသူ အများစုကြုံတွေ့လာရတာဟာ မျိုးအရည်အသွေးကြောင့်ပါ။မျိုးပြောင်စလဲ ဖို့ တခါတရံမျိုးမရှိတော့လို့ ပွဲစားတွေဆီက ဝယ်လေ့ဝယ်ထရှိပါတယ်။ဒီအရာမှာ ပွဲစားက စနစ်တကျ ထုတ်လုပ်ထားတဲ့ မျိုးကောင်းမျိုးသန့်မဟုတ်ပဲ မိမိဂိုဒေါင်မှာ ရှိတဲ့ ပဲတွေ နှမ်းတွေ စပါးတွေကို မျိုးပါဆိုပြီးထုတ်ပေးခဲ့မယ်ဆ်ုရင်တော့ တောင်သူတွေ အတွက် အထမ်းထက် အဆွဲလေးပါပြီ။ဥပမာပေါ့ဗျာ အထူးသဖြင့် ရောဂါအုပ်စုတွေမှာ လေဆောင်ရောဂါ ရေဆောင်ရောဂါ မြေဆောင်ရောဂါ မျိုးစေ့ဆောင်ရောဂါဆိုပြီး သူ့သဘာဝအလိုက် ရှိပါတယ်။မျိုးစေ့ဆောင်ရောဂါဆိုတာ မျိုးစေ့ တခုဆီကနေ တခုကို ရောဂါ များ မှီခိုပြီး နေထိုင်တာကို ခေါ်ပါတယ်။phythopthra ခေါ်တဲ့ အစေ့ပုပ်ရောဂါ ဟာ မျိုးစေ့အတွင်းမှာပါတည်ရှိပြီး မျိုးကြောင့်ပါလာရင် ကာကွယ်ရခက်ပါတယ်။ဒီတော့ ကျွန်တော်တို့ဟာ မျိုးအရည်အသွေး ညံ့တဲ့ မျိုးစေ့ကို ရရှိခဲ့မယ်ဆိုရင် မိမိစိုက်ခင်းအတွက် ရောဂါတွေ ပိုးတွေကို ဝယ်လိုက်သလိုပါပဲ။

 မျိုးကောင်း မျိုးသန့်ရမယ် ဝယ်ရမယ်ဆိုရင်လည်း စိုက်ပျိုးရေးသမားအချို့က အရပ်မှာရှိတဲ့ မျိုးစေ့ထက် စျေးများတယ် ထင်လေ့ရှိပါတယ်။ဒါပေမယ့် ကျနော်တို့ မေ့နေတာက အရည်အသွေးညံ့တဲ့ မျိုးစေ့ကြောင့် အထွက်နှုန်းထိခိုက်တယ် ဆေးဖျန်းခ ဆေးစားရိတ်က အစ ပိုမြင့်လာတတ်ပြီး တခါတရံမှာ စိုက်ခင်းလုံးပျက်စီးတဲ့ အထိကြုံရတတ်တယ်ဆိုတာ မေ့နေတတ်ပါတယ်။မျိုးစေ့ဖိုး သက်သာတာတော့ မှန်ပါတယ်။တခါတရံ အလကားတောင် ရတတ်တယ်။စိုက်ခင်း ပျက်စီးဖို့ အတွက်တော့ ဖြစ်နေတတ်တယ် ဆိုတဲ့အချက်ကို ထည့်တွက်သင့်ပါတယ်။

 စိုက်စနစ် နဲ့ ရာသီဥတု

 ကျွန်တော် အခုအကြောင်းအရာကို တွဲဖက်ရခြင်းက သူတို့၂ခုဟာ တခုနဲ့ တခု ချိတ်ဆက်ရခြင်းကြောင့် ဖြစ်ပါတယ်။

ရာသီဥတုကတော့ တကမာ႓လုံးမှာကို ပျက်နေတာဆိုတော့ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ အချက်ပါ။ Micro climate'ကို အရင်ဆုံး စဉ်းစားမယ်ဗျာ။ အားလုံးသိပြီးသားပါ။နေဝင်နေထွက် အလင်းရောင် အပြည့်ဝရရှိမှုဟာ အပင်အများစုအတွက် အခြေခံကျပါတယ်။ ဒါကြောင့် အရှေ့ အနောက် နေရောင်ခြည် ပြည့်ပြည့်ဝဝရဖို့ တောင်မြောက်ကို အခြေခံထား စိုက်လေ့ရှိပါတယ်။နောက်အချက်က ရာသီဥတုအပြောင်းအလဲကြောင့် ပိုးရောဂါ ထူပြောမှု ရာသီဒဏ်တွေကြောင့် အပင်တွေမှာလည်း ခံစားနေရပါပြီ။

 ရာသီဆက်စပ်မှု တခုကိုပြောကြစတမ်းဆို ပျ ဖြုတ်စိမ်း များဟာ မိုးရွာပြီး နေပူ စိုထိုင်းဆမြင့်ချိန်မှာ ပေါက်ဖွားသော သဘာဝရှိပါတယ်။ မိုး တပတ်လုံးရွာခဲ့ရင် ဖားဥမှို ကျတတ်ပါတယ်။ မိုးရွာချိန်လက်မများရင် ခရမ်းချဉ် အာလူး ပြောင်း စတဲ့ သီးနှံတွေမှာ စောပင်နာကျ နှောင်းပင်နာကျ ရောဂါ တွေလာတတ်ပါတယ်။ အနောက်တောင် မုတ်သုံလေ ခေါ်တဲ့ ကုန်သည်ကြီးများလေ နဲ့အတူ bacterial blight တွေ late blight ခေါ်တဲ့ လောင်ရောဂါတွေ သီးနှံ အချို့မှာ ဝင်လာတတ်ပါတယ်။ မွှားပင်ကူလို အကောင်မျိုးတွေဟာ အေးလွန်း ပူလွန်း ရာသီမှာ ပေါက်ဖွားတတ်ပါတယ်။ ဒါ့အပြင် ပဲအုပ်စုဟာ ဒီဇင်ဘာလ နောက်ပိုင်းမှာစိုက်ရင် အဝါရောင် မိုလ်စေ့ မနိုင်တတ်သလို ကုလားခဲ ခင်းတွေမှာလည်း ဆောင်းနဲ့ နွေအကူးမှာ နနွင်းမှို ခေါ်တဲ့ ဖားဥမှို ဖြစ်တတ်တာ ရာသီကြောင့်ဆို မမှားသော အချက်အလက်တွေပါ။ မျိုးနဲ့ပတ်သက်ပြီး ဥပမာတခုအနေနဲ့ အစေ့ထုတ်ပြောင်းကို တောင်ပေါ်ဒေသမှာ ဇူလိုင်လနောက် စိုက်မိခဲ့ရင် အနှံထွက်ချိန် မိုးများပြီး အပူချိန် အတိုးအလျော့ကြောင့် ၎င်း အအေးဓာတ်ဝင်ချိန်ဖြစ်လာတဲ့အတွက် အစေ့အဆန်ကြီးထွားမှု အဟန့်အတားတွေကြောင့် အထွက်နှုန်းထိခိုက်သလို လောင်ရောဂါ ဒဏ်ကို အလူးအလဲ ခံရတတ်ပါတယ်။

 အပင်တပင်ဖြစ်တည်မှုမှာ အလင်းရောင်ရရှိမှု မိုးရေချိန် စိုထိုင်းဆ အပူချိန် နေ့နှင့်ည နေရောင်ခြည်ရရှိမှုအချိန် စတာတွေဟာ အရေးပါလှပါတယ်။စိုက်စနစ်တွေမှာ မိမိမြေမျက်နှာသွင်ပြင်လိုက်ပြီး ဘယ်လို ထယ်ထိုးမယ် ထွန်ပြင်မယ် ထယ်ကြောင်းဆွဲမယ်ကအစ အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါမယ်။

 ပင်ခြား တန်းခြား စနစ်မှာ လေဝင်လေထွက်ကောင်းအောင် အခြေခံထား စဉ်းစားပေမယ့် မြေဆီသြဇာ ထက်သန်မှု အနည်းအများ အလိုက် ပင်ခြားတန်းခြား အကျဉ်းအကျယ် လုပ်ရတာမျိုးလဲ ရှိတတ်ပါတယ်။

 စိုက်စနစ်မှာ အပင်အမျိုးအစား လိုက်ပြီး ကွာပြားမှုတွေ ရှိတတ်တာကြောင့် စိုက်စနစ်နဲ့ ရာသီဥတု အကြောင်းကို ယခုလောက်ဖြင့် နိဂုံးချုပ်ခွင့်ပြုပါ။

Khant Zaw Htet

 

ACOM


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်