ပြည်ပကို ဆန်၊ ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများ ထပ်မံဖိတ်ခေါ်

02/04/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိုးရအချင်းချင်း တင်ပို့နိုင်မယ့် G to G  အစီအစဉ်ဖြင့် ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားလိုသည့် ကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့နိုင်ရေးအတွက် အစိုးရအချင်းချင်း အစီအစဉ်ဖြင့် စိတ်ဝင်စား၍ လျှောက်ထားမယ့်ကုမ္ပဏီများ များပြားနေတဲ့အတွက် ရက်ကိုနောက်ဆုတ်လိုက်ပြီး ထပ်မံဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။ 

“ရက်ကို ထပ်မံနောက်ဆုတ်လိုက်တာက ပါဝင်ပူးပေါင်းနိုင်ဖို့အတွက် ကုမ္ပဏီတွေက စိတ်ဝင်စားမှုအရမ်းများလာတယ်။ အဲဒီတော့ လျှောက်ထားနိုင်တဲ့ ကုမ္ပဏီတွေအတွက် လျှောက်ထားနိုင်အောင် ရက်ကို ထပ်မံတိုးချဲ့လိုက်တာပါ။ နောက်ဆုံးရက်ကတော့ မသတ်မှတ်ရသေးဘူး” 

ပြည်ပကို ဆန်၊ ဆန်ကွဲများ တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီစဉ်မှုဖြင့် ပို့ကုန်တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါအစီအစဉ်ကို စိတ်ဝင်စားလျှောက်ထားလိုတဲ့ ကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်