ပိန္နဲပင်ကြီးရှိလို့ အသီးတွေများပြီး စားလို့မကုန် ဝေလို့မကုန်ဖြစ်နေပြီလား? စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်နဲ့လည်း သွားနိုင်မယ့် ပိန္နဲသီးကနေ တန်းဖိုးမြှင့်ထုတ်လုပ်လို့ရတဲ့ ထုတ်ကုန်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပိန္နဲသီးခြောက်ပါပဲ။ လုပ်နည်းကတော့လွယ်ပါတယ်။ ဒါပေမယ့် အခြောက်ခံစက်တော့လိုပါမယ်။ စက်တွေကလည်း ဈေးကွက်မှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။
စက်နဲ့မဟုတ်ဘဲ နေနဲ့ပဲအခြောက်ခံထုတ်လုပ်ချင်တယ် ဘယ်လိုလုပ်မလဲ?
အရည်အသွေးပြည့်ဝမှာမဟုတ်ပါဘူး။ နေနဲ့ပဲအခြောက်ခံရုံနဲ့ မခြောက်ပါဘူး။ အပြည့်ဝမခြောက်ခင်မှာ ပြားကပ်ပြီး ရှုံ့သွားနိုင်ပါတယ်။
ဒါ့ကြောင့် အခြောက်ခံတဲ့နည်းစနစ်ကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာန အစားအစာသုတေသနဌာနမှ သုတေသနပြုထားသော နည်းလမ်းကို မျှဝေပေးလိုက်ရပါတယ်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်