ကင်(မ်) ချီ ပြုလုပ်နည်း

12/01/2018 11:56 AM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

Kimchi အစားအစာကို မကြာခဏ ကိုရီးယားရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် ကိုရီးယား အစားအစာ တခုအနေနဲ့ ရောနှော ပြသထားတယ်သည်ကို တွေ့မြင် နိုင်ပါတယ်။ ကင်(မ်) ချီဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုစေတဲ့ အစားအသောက် တခုလဲ ဖြစ်ပါတယ်။

ကင်(မ်) ချီရဲ့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အချက်တွေကတော့….

ကင်(မ်)ချီသည် ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားသောကြောင့် lactobacilli လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့ ဘက်တီးရီးယား ပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ အစာချေ လုပ်ငန်းစဉ်အတွက် အထောက်အကူ ပြုသလို၊ နောက်ထပ် အံ့သြဖွယ် တခုကတော့probioticsပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အမျိုးမျိုးသော ကူးစက် ရောဂါများကို  တိုက်ထုတ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ သွေးတိုးခြင်း သို့မဟုတ် သွေးထဲမှာ ကိုလက်စထရော မြင့်မားနေတယ်ဆို ကင်ချီမှာ ပါဝင်တဲ့ ကြက်သွန်ဖြူနှင့်ဆယ်လီနီယမ်က ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော လျော့ကျလာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကင်(မ်)ချီကို ကိုယ့်ဘာသာ လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့.

(၁) မုန်ညင်းထုပ်အဖြူ (၁ပိဿ၂၀ ကျပ်သား) (၂၀၀၀ ဂရမ်)

(၂) ကြက်သွန်မြိတ်- ၃၀ ကျပ်သား (၅၀၀ ဂရမ်)

(၃) ငံပြာရည် - ၁ ခွက်(လက်ဖက်ရည်ကြမ်း တစ်ပန်းကန်)

(၄) ကောက်ညှင်း၊ နာနတ်ရည်/သစ်သီးအရည် တခုခု /ရှာလကာရည် - ၁ ခွက် (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်) ကြက်သွန်ဖြူ ၁၀ ကျပ်သား

(၅) ဂျင်း အနည်းငယ်

(၆) ငရုပ်သီးမှုန့် ၀.၅ ခွက် (လက်ဖက်ရည်ကြမ်း ပန်းကန်တဝက်)

(၇) ဆား အနည်းငယ်

(၈) ရွက်စားမုန်လာ၊ တရုတ် မုန်ညင်းထုပ် (Chinese Cabbage) - ၁ စီး

(၉) မုန်လာဥဖြူ/နီ (ခါကြက်ဥ) အနည်းငယ်

(၁၀) နှမ်း အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • မုန်ညင်းထုပ် အဖြူများအား ရေစင်အောင် ဆေးကြောပြီး ဆားရည်တွင် (၃) နာရီခန့် စိမ်ပါ။
  • ၎င်းတို့အား ဆားရည်မှ ဆယ်ယူပြီး ရေစစ်ထားပါ။
  • ဂျင်း၊ ကြက်သွန်ဖြူတို့အား ထောင်းထားပါ။ ကောက်ညှင်းအား ပြုတ်ထားပါ။
  • ပါဝင်သော ပစ္စည်းများအား ရောထည့်၍ မွှေပြီး(၁-၂) ည ခန့် နှပ်ထားပါ။

ထို့နောက် ရေခဲသေတ္တာ(သို့) အေးမြသော နေရာတွင် ထား၍ စားသုံးနိုင်ပါသည်။

သက်သက်နွယ်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်