တစ်နိုင်တပိုင် ဝက်မွေးမြူရေးခြံများအတွက် သိသင့်သိထိုက်တဲ့အချက်များ

30/03/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တစ်နိုင်တပိုင် ဝက်မွေးမြူရေးစတင်တော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်အလက်တွေ ရှိပါတယ်။ ဒီအချက်တွေထဲက အချက်တချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

    ပထမဦးဆုံးအနေနဲ့ သိရမှာကတော့ ဘယ်လိုဝက်အမျိုးအစားကို ဝယ်ယူသင့်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

(၁) ဝက်မျိုး ဘယ်လိုရွေးချယ် ဝယ်ယူသင့်လဲ 

• မွေးမြူရေးလုပ်ကိုင်မယ့်ဒေသနဲ့ သင့်တော်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• အရည်အသွေးကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• ကိုယ်အလေးအချိန်၊ ကြီးထွားနှုန်းကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး၊ အသက်ရှင်နိုင်စွမ်းများတဲ့ ဝက်မျိုးကို ရရှိရန်

• စျေးကွက်တွင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• စားသုံးသူလိုလားမှုရှိပြီး၊ ရောင်းချဖို့လွယ်ကူတဲ့ ဝက်အမျိုးအစားကို ရရှိရန်

ဝက်မွေးမြူရေး လုပ်ကိုင်မယ့်သူတိုင်း လေ့လာသိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ဘယ်လိုမျိုးနည်းစနစ်တွေနဲ့ ဝက်မွေးမြူနေကြသလဲဆိုတာ ဖြစ်ပါတယ်။

(၂) ဝက်မွေးမြူပုံ နည်းစနစ်တွေက ဘာတွေလဲ

• အိမ်ခြံစနစ်နဲ့ ဝက်မွေးမြူခြင်း

• ဝက်လှောင်အိမ်၊ ဝက်ခြံတည်ဆောက်ပြီး ဝက်မွေးမြူခြင်း

• လွှတ်ကျောင်းစနစ်နဲ့ ဝက်မွေးမြူခြင်း

    ကိုယ်ဒေသနဲ့သင့်တော်တဲ့ ဝက်အမျိုးအစားကိုလည်း သိပြီ။ မွေးမြူရမယ့် နည်းစနစ်တွေကိုလည်း လေ့လာပြီးပြီဆိုရင်တော့၊ ကိုယ်မွေးမြူမယ့် ဝက်အကောင်ရေပေါ် မူတည်ပြီး ခြံအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ သိရမှာ ဖြစ်ပါတယ်။

(၃) ဧရိယာအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ

• ဝက်ကြီးတစ်ကောင်အတွက် - ၂၀ စတုရန်းပေ

• တက်လတ်တစ်ကောင်အတွက် - ၁၆ စတုရန်းပေ

• ဝက်ငယ်တစ်ကောင်အတွက် - ၁၀ စတုရန်းပေ

• သားခွဲဝက်ငယ် (၁၆) ကောင်အတွက် - ၆၀ စတုရန်းပေ

• ဝက်မ နဲ့ ဝက်သားငယ် (၁၀)ကောင် အတွက် - ၁၀၀/၁၆၀ စတုရန်းပေ

    အထက်ပါ အချက်အလက်တွေကို သိရှိပြီဆိုရင်တော့ ဝက်စတင်မွေးမြူဖို့ အတွက် အဆင်သင့်ဖြစ်သလောက် ရှိသွားပါပြီ။ နောက်ထပ်လေ့လာ သိထားရမှာတွေကတော့ ဝက်ကျန်းမာရေး စောင့်ရှောက်ပုံတွေနဲ့ နေ့စဉ်ပြုစုထိန်းသိမ်းရတဲ့ စနစ်တွေ ဖြစ်ပါတယ်။ တစ်နိုင်တပိုင် ဝက်မွေးမြူရင်း စီးပွားဖြစ်ထွန်းကြပါစေ။

နန်းထက်ထက်ချစ်(ABM)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်