ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )

05/05/2020 17:00 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒူးရင်းပျိုးပင်နှင့် အပင်ကြီးများ၏အရွက်များတွင် ကျရောက်သော ရောဂါဖြစ်စေသောသက်ရှိ Phomopsis duriansis ကြောင့်ဖြစ်သည့် မှိုရောဂါဖြစ်သည်။ အရွက်နုများနှင့် ပျိုးပင်များတွင် ကျရောက်မှုပို၍များသည်။ အရွက်များ ဝါခြောက်သွားပြီး ကိုင်းများ နေလောင်သကဲ့သို့ ခြောက်သွေ့သွားသည်။ နောက်ဆက်တွဲ Lasiplodia theobromae သက်ရှိကြောင့်ဖြစ်သော မှိုရောဂါကို ဖြစ်စေသည်။

ရောဂါလက္ခဏာ

    ဒူးရင်းအရွက်နုများတွင် သေးငယ်သော အဝါရောင်အစက်ပြောက်များကို  စတင်တွေ့ရှိရပါမည်။ အစက်ပြောက်များ အညိုရောင်သို့ပြောင်းကာ အဝါရောင်အဝန်းအဝိုင်း (yellow halo)အဖြစ် တွေ့ရသည်။ အရွက်အောက်မျက်နှာပြင်တွင် ရောဂါလက္ခဏာကို မမြင်ရပါ။ 

    ရောဂါကျရောက်မှုများပါက အရွက်နုများကြွေကျစေသည်။ 

ကာကွယ်နှိမ်နင်းနည်း

    ပျိုးပင်နှင့် အပင်ငယ်များတွင် ကျရောက်မှုများ၍ အရွက်နုများကြွေကျကာ ကိုင်းများ နေလောင်သကဲ့သို့ ခြောက်ခြင်းကို ကာကွယ်ရန် ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေး ဥပမာ ai - ဘီနိုမိုင်း (benomyl) , ထရိုင်အိုဖန်းနိပ် မီသိုင်း (triophanate methyl) ပါသော မှိုသတ်ဆေးကို အညွန်းပါအတိုင်းဖြန်းပါ။

22.4.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref; http://jaowoffice.weebly.com/blog/durian-diseases

http://animhosnan.blogspot.com/2013/12/durian-foliar-diseases.html

https://www.researchgate.net/publication/336769349_Pattern_Recognition_of_Durian_Foliar_Diseases_Using_Fractal_Dimension_and_Chaos_Game

https://www.researchgate.net/publication/296474332_Leaf_Spot_Characteristics_of_Phomopsis_Durionis_on_Durian_Durio_Zibethinus_Murray_and_Latent_Infection_of_the_Pathogen

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်