စပါးအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ နှံစုပ်ဂျပိုး (Rice earhead bug)

26/11/2019 11:30 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဦးကြီးတို့ စပါးစိုက်တဲ့အခါ စပါးနှံအထွက်ကောင်းဖို့နဲ့ စပါးနှံအရည်အသွေးကောင်းဖို့က အရေးကြီးတယ်မဟုတ်လားဗျ။ အဲ့သလိုအရည်အသွေးကောင်းဖို့နဲ့ အထွက်နှုန်းကောင်းဖို့ဆိုရင်တော့ ပိုးမွှားတွေမဖျက်ဆီးခံရဖို့ အဓိကကျလာပါပြီ။ ဒါ့ကြောင့် အထွက်နှုန်းကိုထိခိုက်စေပြီး စပါးနှံထွက်ချိန်မှာ ကျရောက်ဖျက်ဆီးတဲ့ စပါးနှံစုပ်ဂျပိုးအကြောင်းကို လေ့လာကြရအောင်လားဗျာ။

စပါးနှံစုပ်ဂျပိုးဖျက်ဆီးခြင်းကြောင့် ဘယ်လိုတွေထိခိုက်စေမလဲ?

- စပါးခင်းထဲမှာ ဂျပိုးအနံ့တွေရနေရင်တော့ သေချာပါပြီ ဦးကြီးတို့အခင်းထဲမှာ ဒီကောင်တွေရောက်နေပါပြီ။

- စပါးစေ့တွေ နို့ရည်တည်တဲ့အဆင့်မှာ စုပ်ယူစားသောက်ကြပါတယ်။

- ဒါ့ကြောင့် စပါးနှံတွေထောင်မတ်ပြီး စပါးစေ့တွေကတော့ အဖျင်းအမှော်တွေပဲဖြစ်လာပါတယ်။

- စုပ်စားခံရတဲ့နေရာတွေက အမည်းစက်တွေဖြစ်လာပါလိမ့်မယ်။

- စုပ်စားမှုများလာရင်တော့ စပါးနှံတစ်ခုလုံးဆုံးရှုံးနိုင်ပါတယ်။

- ပြင်းပြင်းထန်ထန်ကျရောက်ရင်တော့ အထွက်နှုန်းကို တစ်ဝက်လောက်အထိ ထိခိုက်နိုင်ပါတယ်ဗျ။

စပါးနှံစုပ်ဂျပိုးဆိုတာ ဘယ်လိုလေးလဲ?

- ဘဲဥပုံစံ အညိုရောင်အပြားလေးတွေဟာ စပါးနှံစုပ်ဂျပိုးရဲ့ ဥတွေပဲဖြစ်ပါတယ်ဗျ။

- ၎င်းဥတွေကို စပါးရွက်တွေရဲ့ အပေါ်မျက်နှာပြင်မှာ အတန်းလိုက် တွေ့ရတတ်ပါတယ်ဗျ။

- သားလောင်းကောင်ကတော့ အစိမ်းဖျော့ရောင်လေးပါ။

- စိမ်းဝါရောင်၊ စိမ်းညိုရောင် အကောင်ရှည်ရှည်လေးကတော့ စပါးနှံစုပ်ဂျပိုးရဲ့ အကောင်ကြီးအဆင့်ပဲဖြစ်ပါတယ် ဦးကြီးတို့ရေ့။ ဒီကောင်တွေကိုတော့ စပါးနှံထွက်ချိန်မှာ အများဆုံးတွေ့ရပါလိမ့်မယ်။

ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ?

- ကြိုတင်ကာကွယ်ခြင်းအနေနဲ့ကတော့ ရင့်မှည့်ချိန်နောက်ကျတဲ့ စပါးမျိုးတွေကိုစိုက်ပါ။

- ကွင်းထဲမှာ ပေါင်း၊ မြက်တွေကို ရှင်းရပါမယ်။

- မနက်ခင်းနဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက် (သို့) လက်နဲ့ဖမ်းဆီးခြင်းတွေ ပြုလုပ်ပေးပါ။

- ပင့်ကူ၊ နဂျီ၊ လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကို စားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ်။

- တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ်။

- ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသော စျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။

မှတ်ချက်။     ။ စပါးရုံ (၂၀)ရုံမှာ စပါးနှံစုပ်ဂျပိုး (၁၀)ကောင်အထက်တွေ့မှသာ ပိုးသတ်ဆေးများကို အသုံးပြုပါ။

ထွန်းရာဇာ

Ref;http://www.agritech.tnau.ac.in/expert_system/paddy/cppests_earheadbug.html

Crop Protection

Both adults and nymphs do the damage. The nymphs start feeding 3 to 4 hours after hatching. They feed on the leaf sap near the tip / on milky sap in developing spikelets at milky stage. Sucking of the milky sap causes ill-filled / partial filled and chaffy grains. . They omit bad smell hence they ar...agritech.tnau.ac.in

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်