တိုင်းရင်းသားဒေသများမှ တောင်သူအများစု ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်နေသည့် မြေလွတ်၊ မြေရိုင်းများ စီ မံခန့်ခွဲရေး နည်းဥပဒေအား ပြင်ဆင်ရေးဆွဲနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရသည်။
ဥပဒေများ ခိုင်မာမှသာ မြန်မာ့လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ တိုးက်လာမည်ဖြစ်ပြီး လက်ရှိတွင် မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေအား ပြင်ဆင်ရေးဆွဲနိုင်ရန် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ ဆပ်စပ်ပညာရှင်များ၊ ပြင်ပအဖွဲ့အစည်းများ၊ အကြံပြုချက်၊ သုံးသပ်ချက်များအရ ထပ်မံပြင်ဆင်ကာ သက်ဆိုင်ရာမှတစ်ဆင့် ပြဌာန်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ချုပ် ဦးသက်နိုင်ဦးက ပြောသည်။
“ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင်ဆင်သွားမှာ ဖြစ်တယ်။ လက်ရှိ မြေလွတ်၊ မြေရိုင်း လျှောက်ထားမှုတွေကို စိစစ်ပြီး ချပေးနေတယ်”ဟု ၎င်းက ပြောသည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်