ရောဂါဖြစ်ပွားလေ့ရှိသည့်ဒေသ
မိုးတွင်းအာလူးစိုက်ပျိုးသည့် တောင်ပေါ်ဒေသများတွင်နှစ်စဉ် လောင်မည်းရောဂါ ပုံမှန်ကျရောက်လေ့ရှိပါသည်။ မိုးများသည့်နှစ်များ၌ ခင်းလုံးကျွတ် သေကြေပျက်စီးနိုင်ပါသည်။ မြေပြန့်ဒေသတွင်မူ အချိန်အခါမဲ့ မိုးရွာသွန်း လျှင်သော်လည်းကောင်း၊ စိုထိုင်းဆများသည့်ကာလတွင်လည်းကောင်း၊ ဤရောဂါဖြစ်ပေါ် တက်ပါသည်။
ရောဂါပင်ပြလက္ခဏာ
အာလူးပင်အစိတ်အပိုင်းအားလုံးနှင့် မြေအောက်အာလူးသီးတွင်လည်း ရောဂါလက္ခဏာတွေ့ရသည်။ အောက်ရွက် ၏အနား(သို့မဟုတ်) အဖျားတွင် ရေနာကွက်စတင်ဖြစ်ပေါ်ပြီး ရက်အနည်းငယ်အတွင်း ညိုမည်း (သို့မဟုတ်) အမည်း (သို့မဟုတ်) ခရမ်းမည်းရောင်အကွက်ကြီး ဖြစ်ပေါ်လာသည်။ အနာကွက်ပတ်လည်တွင် စိမ်းဖျော့ (သို့မဟုတ်) အဝါရောင် တွေ့ရှိရပြီး ရာသီဥတုစွတ်စိုအေးမြပါက အနာကွက်ပတ်လည်တွင် အဖြူရောင် မှိုမျှင်နု များကိုတွေ့ရသည်။ အထူးသဖြင့် အရွက်အောက်မျက်နှာပြင်ရှိ အနာကွက်ပတ်လည်တွင် မြင်သာပြီး စွတ်စို အေးမြမှု အချိန်ကြာမြင့်ပါက အပေါ်မျက်နှာပြင်၏ အနာကွက်ပတ်လည်တွင်လည်း မြင်တွေ့ နိုင်သည်။ စွတ်စိုမှု အချိန်ကြာသည်နှင့်အမျှ အနာကွက်သည် တစ်ရွက်လုံးသို့ပျံ့နှံ့သွားပြီး၊ ရွက်ညှာမှတဆင့် အကိုင်း၊ ပင်စည်သို့ ကူးစက်ပျံ့နှံ့ကာ တစ်ပင်လုံးအမည်းရောင်ပြောင်းပြီး သေဆုံးသွားသည်။
၎င်းမှတဆင့် အာလူးသီးသို့ ရောဂါကူးစက်သွားပြီး အညိုရောင်အနာချိုင့်ခွက်များ ဖြစ်ပေါ်ကာ ပုပ်ဆွေး သွား သည်။



ကာကွယ်နှိမ်နင်းနည်းများ
၁။ ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။ ယာယီအားဖြင့် မြန်မာနိုင်ငံတွင်ရနိုင်သော CIP-24, Kufrijyoti နှင့် စပ်မျိုးစေ့များ အသုံးပြုပါ။
၂။ မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (မိုးမရွာသည့်မနက်ပိုင်း၌ အချိန်လု၍) စတင် ပက်ဖျန်းပါ။ မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုးအခြေအနေကို ကြည့်၍ ၅ ရက်ခြားထပ်ဖျန်းပါ။ နေပူသည့်နေ့များဆက်တိုက်ဖြစ်ပေါ်နေပါက ဆေးဖျန်းရက်ကို သင့်တော်သလို ခြားနိုင်ပါသည်။
Meltalaxyl + mancozed (ဥပမာ- Fortazeb) ၊ chlorothalonil (ဥပမာ- ဘန်ကိုနေး၊ ဖော်နေးလ်)၊ mancozeb (ဥပမာ- ဒိုင်သိမ်း၊ အဂရိုဇက်၊ အင်ဒိုဖေးလ်)၊ iprovalicarp + propineb (ဥပမာ- အင်ဗင်တို)၊ ကော့ပါးအခြေခံမှိုသတ်ဆေးများ (ဥပမာ- ကိုဆိုက်၊ ဘော်ဒိုထုံး + ဒုတ္တာဖျော်ရည်) တို့ကို ဆေးထုပ်ပါ အညွှန်းအတိုင်းသုံးပါ။
၃။ မတ် - ဧပြီလတွင်စိုက်သည့် ကုန်းအားလူးသည် နောက်ပိုင်းကာလအနည်းငယ်သာ ရောဂါကျတတ်ပြီး ဧပြီ-မေတွင်စိုက်သည့် မိုးအာလူးသည် စိုက်ချိန်အလယ်ပိုင်းခန့်တွင် ရောဂါကျတတ်ပါသည်။ ဩဂုတ်လစိုက် အာလူး တွင်မူ အပင်ပေါက်ကတည်းက မိုးများသဖြင့် ရောဂါစကျနိုင်ပြီး ဆေးကြိုတင်ပက်ဖျန်းရန် လိုအပ်ပါသည်။ မည်သည့် အချိန်တွင် စိုက်သည်ဖြစ်စေကာမူ မိုးစွေသော ကာလများရှိလာပါက ဆေးဖျန်းသင့်ပါသည်။ ရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် နိုင်ရန်မလွယ်ပါ။
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ