တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင် မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂)

15/03/2014 11:02 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒါန-ရှေ့ဆောင် မြန်မာ (Charity-Oriented Myanmar) မှ မြန်မာပြည်ရှိ တိုင်းရင်းသားလူနည်းစုများမှ လူငယ်များ၏ နိုင်ငံရေးအသိအမြင် မြှင့်တင်ပေးနိုင်ရန် နှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂) ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤသင်တန်းတွင် မတူညီသော တိုင်းရင်းသားလူနည်းစု အုပ်စုများမှ လူငယ်ဦးရေ (၃၀) ဦး ကို ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ 

သင်တန်းခေါင်းစဉ် - တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂) (မော်ဂျူး ၁ + ၂)
ရက်စွဲ - မော်ဂျူး(၁) -၂၄.၄.၂၀၁၄ မှ ၉.၅.၂၀၁၄ ထိ 
မော်ဂျူး(၂)- ၂၆.၅.၂၀၁၄ မှ ၁၀.၅.၂၀၁၄ ထိ
သင်တန်းလျှောက်လွှာပိတ်ရက် -၄. ၄. ၂၀၁၄ (သောကြာနေ့) ၊ ညနေ ၅းဝဝ နာရီ

ထို့ကြောင့် အထက်ပါ သင်တန်းအား စိတ်ဝင်စားသူ တိုင်းရင်းသား လူနည်းစု အုပ်စုများမှ လူငယ်များသည် တွဲလျှက်ပါရှိသော Application Form တွင် ဖြည့်စွက်ပြီး leadership.tp2011@gmail.com သို့ ပြန်လည် ပေးပို့နိုင်ပါသည်။ 

** သင်တန်းနှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်အား Flyer တွင် ကြည့်ရှုနိုင်ပါသည်။ **

အထက်ပါ သင်တန်းကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက 

သန်းဇော်ဦး
သင်တန်းရေးရာအုပ်ချုပ်ရေးမှူး
ဒါန-ရှေ့ဆောင်မြန်မာ
၀၉-၄၂၁၁၆၂၂၁

 

Photo : Kayan Beauty


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်