မြေပဲပင်တွင် ကျရောက်သော ရွက်ပြောက်ရောဂါ များသည်ကမ္ဘာ အနှံ့တွင် ပြင်းထန်စွာ ကျရောက်လေ့ရှိပြီး အာဖရိက နိုင်ငံများတွင်မြေပဲ၌ အဓိက ကျသောရောဂါ ဖြစ်သည်။ မြန်မာနိုင်ငံတွင် လည်းတွေ့ရပြီး ယခုအခါတွင်မြေပဲ စိုက်ပျိုးသည့်နေရာတိုင်းတွင်ကျရောက် ဖြစ်ပွားကြောင်း သိရသည်။ အစောပိုင်းတွင်ကျရောက်သော ရွက်ပြောက်များသည်Mycosphaerellaarachidis မှိုကြောင်႔ဖြစ်ြပီးနောက်ပိုင်းတွင်ကျရောက်သောရွက်ပြောက်များသည်Mycosphaerellaberkeleyi မှိုကြောင့်ဖြစ်ပါသည်။ ဤရောဂါသည်အရွက်၊ပင်စည်နှင့်ရိုးတန်များပေါ်တွင် အပြောက်များဖြစ်ပေါ်ပြီးအရွက်ကြွေခြင်းနှင့်သီးတောင့်အထွက်နှုန်းကြီးမားစွာဆုံးရှုံးခြင်းတို့ဖြစ်စေသည်။
ထင်ရှားသည့်ရောဂါပင်ပြလက္ခဏာ
ဤရောဂါသည်မြေပဲစိုက်ပြီး ၅ပတ်မှရပတ် အတွင်း စတင် ကျရောက် တတ်သည်။ ရောဂါ နှစ်မျိုး၏ လက္ခဏာသည် အလွန်ဆင်တူပြီး အသေးစိပ် ကြည့်ရှုမှသာ ခွဲခြားနိုင်သည်။ စိုက်ခင်း တစ်ခုထဲတွင်နှင့် အပင်တစ်ပင်တည်းပေါ်တွင် လည်းရောဂါ နှစ်မျိုးအတူ ကျရောက် ဖြစ်ပေါ်နိုင်သည်။
ရွက်ပြောက်စောရောဂါ သည်အပေါ် မျက်နှာပြင်တွင် နီညိုရောင် အပြောက်များဖြစ်ပြီး အဝါရောင် ကွင်းရစ်ပါသည်။ အောက်မျက်နှာပြင်တွင် အညိုဖျော့ရောင် ရှိသည်။
ရွက်ပြောက်နှောင်းရောဂါ သည် အညိုရင့်ရောင်နှင့်အမဲရောင် အပြောက်များဖြစ်ပြီး အပြောက် ပတ်လည်တွင် အဝါရောင် ကွင်းရစ် ပါလေ့မရှိပေ၊ ပါလျှင်လည်း ရွက်ပြောက်စောရောဂါ ကဲ့သို့ပင် ဖြစ်သည်။ ကွဲပြား ခြားနားသည့် အခြား လက္ခဏာတစ်ခုမှာ ရွက်ပြောက်နှောင်းရောဂါပြောက် ၏အောက်မျက်နှာပြင်တွင် မှိုစပိုး များသည် ဗဟိုတူ စက်ဝိုင်းရစ် ပုံစံဖြင့်ထူထဲ သိပ်သည်းစွာ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ရွက်ပြောက်များ၏ အရွယ် အစားမှာ ၁မှ၁၀ မီလီမီတာ(၀.၁ မှ ၁ စင်တီမီတာ) အထိ ရှိတတ်ပြီး ရွက်ပြောက်နှောင်းရောဂါပြောက်များက အရွယ် ပိုကြီးသည်။ ရံဖန်ရံခါ ရွက်ပြေညက်များ အချင်းချင်း ပေါင်းစပ် သွားသည်။
မှို နှစ်မျိုး စလုံး တူညီသည့်အချက်မှာ ပင်စည်၊ အရွက် ရိုးတန်နှင့်သီးတောင့်စွယ်များပေါ်တွင် ဘဲဥပုံ အပြောက်များ ဖြစ်ပေါ်စေခြင်းနှင့်ရွက်ကြွေမှု ဖြစ်ပေါ်စေခြင်းတို့ဖြစ်သည်။
ပထမဆုံးရောဂါ လက္ခဏာ အဖြစ် စိုက်ပြီး ၄၅ရက်မှရက်၆၀အတွင်း အရွက်ရင့်များပေါ် တွင်ရောဂါပြောက်များ ဖြစ်ပေါ်မှုကို စတင်တွေ့မြင် ရသည်။ အစပိုင်းတွင် ရွက်ပြောက်စော လက္ခဏာ ကိုတွေ့မြင်ရ များသော်လည်း တဖြေဖြေးနှင့် ရွက်ပြောက်နှောင်း လက္ခဏာက ဖုံးလွှမ်း သွားသည်။ ရွက်ပြောက်နှောင်းရောဂါက မှိုစပိုး ပိုမို သိပ်သည်းစွာ ထုတ်လွှတ်ပြီး အပင်ရင့် လာသည်နှင့် အမျှအရွက်ကြွေမှုကိုလည်း ပိုမို ဖြစ်ပေါ်စေသည်။
တောင်သူများအနေဖြင့်ဤရောဂါနှစ်မျိုးကိုတစ်မျိုးတည်းဟုသာယူဆပြီးကာကွယ်နှိမ်နင်းလေ့ရှိသည်။
ရောဂါဖြစ်စေသောမှို
ရွက်ပြောက်စောရောဂါသည်Mycosphaerellaarachidis မှိုကြောင့် ဖြစ်ပြီး ရွက်ပြောက်နှောင်းရောဂါသည်M.berkeleyi မှိုကြောင့် ဖြစ်သည်။ ၎င်းတို့သည် မှို၏ လိင်စုံ အဆင့် အမည်များ ဖြစ်ပြီး လိင်မဲ့ အဆင့်၏ အမည်များမှာCercosperaarachidicola နှင့်Cercosporidiumpersonatumတို့ဖြစ်ကြသည်။ လိင်မဲ့ အဆင့် အနေနှင့်သာ အတွေရ များသည်။ မှိုစပိုး များသည်လေ၊မိုးစက်မှ ဖြာထွက်သောရေ မှုံများနှင့် အင်းဆက်တို့ဖြင့်ကူးစက် ပြန်နှံ့သည်။ မျိုးစေ့ဖြင့် ကူးစက်သည့် သာဓကများ မရှိပါ။
မှိုစပိုးသည် အရွက် မျက်နှာပြင်ပေါ်ရှိရေလွှာပါးတွင်မျိုးညှောက်ပေါက်၍ ၎င်းနေရာ တွင်ပင်အရွက်တွင်းသို့ထိုးဖေါက် ဝင်ရောက်ကာရွက်ပြောက်များကို ဖြစ်ပေါ်စေပြီး စပိုးများ ပြန်လည် ထုတ်လုပ်သည်။ ဤ မှို၏ ဘဝ စက်ဝန်းသည်၁၀ရက်မှ၁၄ရက် အထိ ရှိသည်။
မှို သည်ရောဂါကျအပင် အစိတ် အပိုင်းများနှင့်အလေ့ ကျပေါက်သောမြေပဲပင်များတွင် ခိုအောင်း ရှင်သန်လေ့ ရှိသည်။
ထိခိုက္ပ်က္စီးမႈ
အရွက်ကြွေခြင်း ဖြစ်ပေါ်စေသည်။ မှိုသတ်ဆေးသုံးစွဲမှု နည်းသောဒေသများတွင် သီးနှံအထွက် ဆုံးရှုံးမှု၅၀ ရာခိုင်နှုန်းကျော် ဖြစ်ပေါ်သည်။ Pucciniaarachidisမှိုကြောင့် ဖြစ်သော သံချေးရောဂါနှင့် အတူ ကျရောက်ပါက မှို သတ်ဆေးကို ၆ကြိမ်မှ၈ကြိမ် အထိ ဖြန်းပေး ရသည်။ တောင်သူငယ်များ အတွက်ကြီးမားသော ကုန်ကျစရိတ်ဖြစ်ပြီး စီးပွားရေး တွက်ချေကို ရရန် မသေချာပေ။
ကာကွယ်နှိမ်နင်းခြင်း
ဤရောဂါ နှစ်မျိုး စလုံးကို တူညီသော နည်းလမ်း များဖြင့်ကာကွယ် နှိမ်နင်း နိုင်သည်။
ရောဂါမကျမီကြိုတင်ကာကွယ်ခြင်း။
အပင်ပေါ်တွင်ရောဂါလက္ခဏာမမြင်ရမီ စိုက်ပျိုးရေး နည်းလမ်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။
Ø ရောဂါ ဒါဏ်ခံ နိုင်ရည် ရှိသောမျိုးများ စိုက်ပျိုး ရမည်။
Ø မစိုက်မီ စိုက်ခင်းတွင်ပေါင်းမြက်များ၊ ပင်ကြွင်း၊ ပင်ကျန်များ၊ အလေ့ ကျပေါက်သည့်မြေပဲပင်များကို ရှင်းလင်း ဖယ်ရှား ရမည်။
Ø တစ်နှစ် သီးလှည့်စိုက်ပျိုး ရမည်။
Ø သက်တန်း တို၍စောစော ရင့်မှည့် ရိတ်သိမ်း နိုင်သော မျိုးများ စိုက်ပျိုးခြင်း။ သက်တန်း တိုသည့် မျိုးများသည်ရောဂါ ကျရောက်ခြင်းမှ လွတ်ကင်းလေ့ ရှိသည်။ ရွက်ပြောက်စောရောဂါကို ခံနိုင်ရည်ရှိသော မျိုး အချို့သည် ရွက်ပြောက်နှောင်းရောဂါကို ခံနိုင်ရည် မရှိသည်ကို သတိပြု ရပေမည်။
Ø စိုက်ခင်းတွင်ပေါင်းပင်များ ကင်းရှင်းစေ ရမည်။ ပေါင်းမြက်များ ရှိနေပါကအပင် ပတ်ဝန်းကျင်တွင် စိုထိုင်းဆ များနေပြီး ရောဂါ ကျရောက်မှုကို ပိုမို အားပေးသည်။ အပူချိန်၂၅မှ ၃၀ဒီဂရီ ဆဲလ်စီးယပ်(စ)တွင် ၆နာရီ မှ၈နာရီ ကြာအောင် အစိုဓာတ် မြင့်မားနေ ပါကရောဂါ တိုးတက် ဖြစ်ပေါ်သည်။
Ø သီးနှံ ရိတ်သိမ်းပြီး ချိန်တွင်ပင်ကြွင်း ပင်ကျန်များကို စုစည်း၍ မီးရှို့ဖျက်ဆီး သို့မဟုတ်မြေမြှုပ် ပစ်ရမည်။သို့မဟုတ် တစ်နှစ်ခန့်ကြာ မှမြေပဲပြန် စိုက်လျှင်လည်း ပင်ကြွင်း ပင်ကျန်များဆွေး သွားနိုင်သည်။
ရောဂါ ကျရောက် ပြီးမှ နှိမ်နင်းခြင်း
1.ရောဂါကျနေသော စိုက်ခင်းရင့်များနှင့် နီးကပ်စွာစိုက်ခြင်း။ စိုက်ခင်းဟောင်း၏လေအောက်မှ စိုက်ခြင်း တို့ကိုရှောင်ရမည်။ မှိုစပိုးများကိုလေဖြင့်လွယ်ကူစွာ သယ်ဆော င်နိုင်ပြီးရောဂါ ကူးစက် ပျံ့နှံ့စေသည်။
2. မြေပဲ စိုက်ခင်းကုိ အနည်းဆုံး တစ်ပတ္တစ်ကြိမ် ကြည့်ရှု စစ်ဆေးနေရမည်။ ရောဂါပြောက္စတွေ့လျှင်တွေ့ချင်း ဥပမာ- ဒက်ကိုနေး၊ဘန်ကိုနေး၊ဖော်နေး(Daconil, Bankonil, Fornil) စသည့် ဆေးများကို အညွှန်းပါ အတိုင်း ဖြန်းရမည်။ ဤဆေးသည်မြေပဲ သံချေးရောဂါကိုလည်း နှိမ်နင်းနိုင်သည်။
3. အခြားအသုံးပြုနိုင်သောမှိုသတ်ဆေးများမှာ
ဥပမာ- ဒိုင်သိန်းအမ်-၄၅(Dithane M-45)/ဖျူနိုမိုင်း (Funomyl 50 WP) / တော့ဆင်အမ်၊ ဖြူဆင် အမ် (Topsin M, Fusin M) /ဘာဗင်စတင် (Bavistin) စသည့် ဆေးများအညွှန်းပါ အတိုင်း ဖြန်းနိုင်သည်။
ဆေးကို ၁၄ရက် တစ်ကြိမ်ဖြင့်မရိတ်သိမ်းမီ ၁၄ရက် အလို အထိ ဖြန်းရမည်။ အကယ်၍ဆေး စတင်ဖြန်းသည့်ရက်နောက်ကျသွားလျှင် ၇ရက်မှ၁၀ရက် တစ်ကြိမ် ဖြန်းရမည်။ မိုးသည်းထန်စွာ ရွာသွန်းနေ လျှင်ရောဂါ ကာကွယ်နှိမ်နင်းနိုင်မှု အားနည်းသည်။ ဆေးကို၁၄ရက် တစ်ကြိမ်ဖြင့်မရိတ်သိမ်းမီ ၁၄ရက် အလို အထိ ဖြန်းရမည်။ အကယ်၍ဆေး စတင်ဖြန်းသည့်ရက်နောက်ကျသွားလျှင် ၇ရက်မှ၁၀ရက် တစ်ကြိမ် ဖြန်းရမည်။ မိုးသည်းထန်စွာ ရွာသွန်းနေလျှင်ရောဂါ ကာကွယ် နှိမ်နင်းနိုင်မှု အားနည်းသည်။
ဒေါက်တာခင်နှင်းယု
ကိုးကား- www.plantwise.org
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်