တောင်သူများအတွက် ငရုတ် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ

15/11/2019 11:30 AM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငရုတ်သည် ဟင်းသီးဟင်းရွက်များထဲတွင် အရေးပါသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ်။ ငရုတ်ပင်က များစွာသောဗိုင်းရပ်စ်ဖျက်ပိုးများ ဖျက်ဆီးမှုကို ခံနိုင်ရည်မရှိဘဲ အထွက်နှုန်းကို ဆိုးဆိုးရွားရွားလျော့နည်းစေတယ်ဗျ။ များစွာသော ဗိုင်းရပ်စ်ရောဂါများဖြစ်စေပြီး မှိုရောဂါ၊ အ၀ါရောင်မှိုရောဂါ၊ အရွက်များကွေးခြင်း၊ ရွက်လိပ်ခြင်း၊ အပင်များပုသွားခြင်းနှင့် အပင်ရောင်မညီကွက်ကြားဖြစ်ခြင်း စသည့်လက္ခဏာများ ဖြစ်စေသည်။ ငရုတ်ရွက်လိပ် ရောဂါဖြစ်စေသော ဗိုင်းရပ်စ် ၆၄ မျိုးရှိတယ်ဗျာ့။ ၎င်းဗိုင်းရပ်စ်ရောဂါကို ယင်ဖြူက သယ်ဆောင်လာတာပါ။

ရောဂါဖြစ်စေသောသက်ရှိ = ဂျီမီနီဗိုင်းရပ်စ် ၊ ဘီဂိုမိုဗိုင်းရပ်စ်။

ကူးစက်ပျံနှံ့ပုံ = ကိုင်းကူးကိုင်းဆက်ခြင်း။

ဖျက်ဆီးနှုန်း = တစ်နှစ်ခံပင် (သို့မဟုတ်)နှစ်ရှည်ခံပင်များ။

ရောဂါလက္ခဏာများ

၁။ အရွက်များကွေးနေခြင်း၊ ရွက်ကြောများတွင် အဖုများဖြစ်ပေါ်နေခြင်း။

၂။ အပင်၏ ကြီးထွားမှုကိုရပ်တန့်စေခြင်း၊ အရွက်၏အရွယ်အစားကိုသိသိသာသာ လျော့နည်းစေခြင်း။

၃။ ပန်းပွင့်အဖူးများ ကောင်းမွန်စွာကြီးထွားမှု မရှိခြင်း။

၄။ အစာနှင့် ရေ အသုံးပြုမှုကို လျော့နည်းစေခြင်း။

ကာကွယ်နှိမ်နင်းနည်းများ

ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပေးရပါမယ်။

ငရုတ်မျိုးမဟုတ်သော သီးနှံများအား အလှည့်ကျစိုက်ပျိုးပေးပါ။

လေ၀င်လေထွက်ကောင်းစေရန်နှင့် အခြားသောပေါင်းမြက်များကို ရှင်းလင်းပေးပါ။

စိုက်ခင်းအတွင်းရေမ၀င်စေရန် အထူးဂရုပြုပါ။

ဖျက်ဆီးခံထားရသော အပင်များကိုစိုက်ခင်းအတွင်းရှင်းလင်းပေးပါ။(မီးရှို့ဖျက်ဆီးပါ)

ကာဆူမင်ဆေးကို ဆေး()ဆ ရေ(၁၀၀၀)ဆနှုန်းဖြင့်ဖျော်၍ ပျိုးပင်များကို ငါးမိနစ်ခန့်စိမ်၍ စိုက်ပါ။

ပိုးသတ်ဆေးများ အသုံးပြုခြင်းဖြင့်ကာကွယ်ခြင်းသည် ရောဂါသယ်ဆောင်သောဖျက်ပိုးကိုထိရောက်စွာကာကွယ်နှိမ်နှင်းနိုင်မည်မဟုတ်ပါ။ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိပြီး နောက်ပိုင်းမှာဖျက်ပိုးများပိုွားများလာနိုင်ပါတယ်။ လိုအပ်ချိန်မှသာ ဆေးသုံးကာကွယ်ပါ။

Lin Lin Htet


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်