ရှောက်ယိုထိုးနည်း

26/03/2020 13:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိုအပ်သောပစ္စည်းများ

ရှောက်သီး   - ၂၀ ကျပ်သား

သကြား     - ၁၅-၂၀ ကျပ်သား

မှတ်ချက်။ ။ ရှောက်သီးနှင့်သကြားကို ဆတူရော၍ (သို့)သကြားကိုနည်းငယ်(/) လျှော့၍ ပြုလုပ်နိုင်သည်။

ပြုလုပ်နည်း

အဆင့် ၁

ရှောက်သီးကို ရေဆေးပါ။ ရေဆေးရာတွင် ဆားကြမ်းပွတ်၍ဆေးကာ အခြောက်ခံပါ။

ထို့နောက် ထပ်ခြမ်းခြမ်း၍ အစေ့ထုတ်ကာ ခပ်ပါးပါးလှီးဖြတ်ပါ။ ယိုထည့်မည့် ပုလင်းကို ရေနွေးဖြင့် ခဏပြုတ်ထားပြီး အခြောက်ခံထားပါ။

အဆင့် ၂

လှီးဖြတ်ထားသော ရှောက်သီးများကို အိုးထဲထည့်ပြီး ရေကို ရှောက်သီးများမြုပ်သည်အထိထည့်ကာ မီးဖိုတွင်ဆူပွက်သည်အထိ တည်ပါ။ ထို့နောက်မီးဖိုပေါ်မှချကာ ရေများကို သွန်ပြီး ရေအသစ်ထပ်ထည့်၍ ဒုတိယအကြိမ်ဆူပွက်သည်အထိတည်ပါ။ ထို့နောက် ရှောက်သီးခွံအနေအထားကိုစမ်း၍ ရှောက်သီးခွံပျော့လာပါက မီးဖိုမှချကာ ရေစစ်ထားပါ။

အဆင့် ၃

ဒယ်အိုးတစ်ခုကိုယူ၍ သကြားနှင့်ရေထည့်ကာ သကြားပျော်ဝင်သည်အထိ ကြိုပါ။ ထို့နောက် ရေစစ်ထားသောရှောက်သီးများထည့်၍ ညောင်စေးကျသည်အထိ ကြိုပါ။ ပန်းကန်ပြားတစ်ခုကိုယူ၍ ယိုအနည်းငယ်ထည့်ပြီး ဟိုဘက်ဒီဘက်စောင်းကြည့်ပါ။ ယိုများကျမသွားဘဲ ပန်းကန်ပြားတွင်ကပ်နေပါက မီးဖိုမှချနိုင်ပါပြီ။ အခြောက်ခံထားသောပုလင်းထဲသို့ ပူနေသောအချိန်တွင်ထည့်ပြီး အအေးခံကာ စားသုံးနိုင်ပါသည်။ အခန်းအပူချိန် သို့ ရေခဲသတ္တာတွင်သိမ်းဆည်းနိုင်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကား- YouTube


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်