ဖရဲ ပြည်ပတင်ပို့မှုလျော့နည်းလာ

04/07/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလက်ရှိတွင် ပြည်ပနိုင်ငံများကို ဖရဲသီးတင်ပို့မှုတန်ချိန်လျော့နည်းလာကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ပြည်ပနိုင်ငံများမှ ဖရဲဝယ်လိုအား နည်းပါးလာတဲ့အတွက် တင်ပို့မှုနည်းလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

“ ရာသီချိန်ကလည်း ကုန်ဆုံးနေပြီဖြစ်တော့ တင်ပို့မှုကနည်းလာတယ်။ သူတို့ဘက်ကအော်ဒါမှာရင်တော့ ဒီဘက်ကပို့ပေးတယ်။ ပြည်တွင်းဈေးကွက်ကတော့ ပုံမှန်ရှိပါတယ်။ (၁၀)လပိုင်းဝန်းကျင်လောက်မှ အမှာတွေကပြန်များလာမှာ”

အခုလက်ရှိမှာ တစ်နေ့ကို ဖရဲကုန်တင်ကား (၅) စီးခန့် ဝန်းကျင်သာ တင်ပို့နေတာဖြစ်တယ်လို့ အဆိုပါ အသင်းမှသိရပါတယ်။

ဖရဲကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပနိုင်ငံများကိုလည်း တင်ပို့နေတာဖြစ် ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်