လက်ဖက်ထွက်နှုန်းနည်းပါး

23/10/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုနှစ်အတွင်း လက်ဖက်အထွက်နှုန်းနည်းပါးလာကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   ယခုနှစ်အတွင်း ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် လက်ဖက်ထွက်နှုန်းမှာ အရင်နှစ်ထက် နည်းပါးလာတာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးသိန်းထွေးက ပြောပါတယ်။

   “ဒီနှစ်ကတော့ လက်ဖက်အထွက်နှုန်း နည်းပါးလာတယ်။ အဓိကကတော့ ရာသီဥတုနဲ့ လက်ဖက်တင်ပို့တဲ့ဒေသ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့်လည်း ပါတယ်။ ဒီနှစ်နွေရာသီက အရမ်းပူတော့ လက်ဖက်အထွက်နှုန်းနည်းတယ်။ ပြီးတော့ မိုးကလည်း နောက်ကျသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီနှစ်မှာ အထွက်နှုန်းနည်းသွားတာပါ”

   မြန်မာ့လက်ဖက်ကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ပြီး ပြင်သစ်၊ ချက်ကိုစလိုးဗီးယား၊ ထိုင်ဝမ်ကို တင်ပို့နေတာဖြစ်ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။ 

   မြန်မာ့လက်ဖက်ကို ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်