ပြည်တွင်းရှိ ကျွဲ၊ နွားများကို အရေးကြီး ကုန်စည်အဖြစ် ဝန်ကြီးဌာန၏ သတ်မှတ်ထား မှုပယ်ဖျက်ကြောင်း ကြေညာချက်ကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောဆိုသည်။ "သက်ဆိုင်ရာဌာနအသီးသီးနဲ့ တစ်နှစ်ခွဲ လောက် အချိန်ယူညှိနှိုင်းဆောင်ရွက်ခဲ့ပြီး လက်ရှိအားလုံး ပြီးစီးသွားပြီဖြစ်တဲ့အတွက် မကြာခင် အမိန့်ထုတ်ပြန်တော့မှာဖြစ်တယ်"ဟု ဒေါက်တာရဲထွန်းဝင်းက ပြောဆိုသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်