၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စပါးသီးနှံတစ်ဧက ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် မေ ၆ ရက်တွင် စတင်ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအတွက် ချေးငွေနှုန်းထားများမှာ စပါးသီးနှံကို တစ်ဧက ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲနှုန်း)၊ အခြားသီးနှံများကို တစ်ဧက ကျပ် ၁၀၀၀၀၀ (တစ်သိန်းနှုန်း)ဖြင့် ယခင်နှစ်ကကဲ့သို့ တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့် စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ