မြန်မာ့ငရုတ်သီးများ တစ်နေ့လျှင်တန်ချိန်(၂၀၀)ဝန်းကျင် ဆုံးရှုံးမှုများဖြစ်ပေါ်နေ

22/04/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ငရုတ်သီးများမှာ ငရုတ်သီးခူးဆွတ်ချိန်ရာသီ ရောက်ရှိနေသော်လည်း မခူးဆွတ်နိုင်တာကြောင့် တစ်နေ့ကိုတန်ချိန်(၂၀၀)ဝန်းကျင် ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း မြန်မာငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးများမှာ မြန်မာနိုင်ငံအနှံ့အပြား ထွက်ရှိနေပေမယ့်လည်း မခူးဆွတ်နိုင်တာကြောင့် တန်ချိန်(၁၇၀)မှ တန်ချိန်(၂၀၀)ဝန်းကျင်ထိ ဆုံးရှုံးမှုများဖြစ်ပေါ်နေတယ်လို့ မြန်မာငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။

ငရုတ်သီးတွေက အခုထွက်တဲ့ချိန်ရောက်နေပြီ။ ဒါပေမယ့် ထွက်ရှိနေတဲ့နေရာတွေမှာ အသွားအလာ ကန့်သတ်မှုတွေရှိတာကြောင့် ခူးဆွတ်ချိန်မှာ မခူးဆွတ်နိုင်ဘူး။ အဲဒီအတွက် ငရုတ်သီးတွေက တစ်နေ့ကို တန်ချိန်(၂၀၀)ဝန်းကျင်လောက် ဆုံးရှုံးနေတယ်

မြန်မာ့ငရုတ်သီးကို မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်ပွဲရုံများမှာလည်း ပိတ်ထားတာကြောင့် တောင်သူများမှာ အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ မြန်မာငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်