‘‘ဈေးကျတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သုံးသပ်ရတာက တော့ တရုတ်ဘက်က ကြက်သွန် တွေ အဝင်များတယ်။ ဒီဘက်မှာ ကလည်း စိုက်တာလည်း များလာ တယ်။ တရုတ်၊ အမေရိကန် စီးပွားရေးပြိုင်တော့ တရုတ်ကြက် သွန်ဖြူတွေက ဥရောပကို သိပ် မသွားတော့ဘူး။ ကြက်သွန်ဆို တာကလည်း တစ်နှစ်ပဲ ခံတဲ့အမျိုးအစားလေ။ အဲဒီတော့ အရှေ့ တောင်အာရှကို ရတဲ့ဈေးနဲ့ သွင်း နေကြတယ်’’ဟု တောင်ကြီးမြို့ရှိ ကြက်သွန်ဖြူအသင်း အဖွဲ့ဝင် ကြက်သွန်ပွဲရုံပိုင်ရှင် ဦးညီညွန့်က ပြောသည်။
တောင်သူများထံမှ ကြက် သွန်ဖြူ ဝယ်ယူရာတွင် တစ် ပိဿာလျှင် အသေး ကျပ် ၁၅၀ မှ ၁၇၀၊ အကြီး ကျပ် ၆၀၀ မှ ၆၅၀ ဈေးပေးဝယ်ယူကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ကြက်သွန်ဖြူ နယ်ပွဲ ရုံပေါက်ဈေးသည် တစ်ပိဿာ လျှင် အသေး ကျပ် ၂၀၀ မှ အကြီး ကျပ် ၇၀၀ ပေါက်ဈေးရှိနေသည်။
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်