ယခုနှစ်အတွင်း ဝဥစျေးနှုန်းများကျဆင်းနေ

18/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလပိုင်းအတွင်း ဝဥစျေးနှုန်းများမှာကျဆင်းနေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

ဝဥစျေးနှုန်းများမှာ အရင်နှစ်ကထက် ပြည်တွင်းဝယ်လိုအား ကျဆင်းနေတာကြောင့် စျေးနှုန်းများ ကျဆင်းနေတာဖြစ်တယ်လို့ ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဝဥက အရင်နှစ်ကထက် စျေးနှုန်းလည်းမရဘူး။ အဓိကကတော့ ပြည်တွင်းဝယ်လိုအားကျဆင်းနေတာရယ်၊ စျေးကစားတာတွေကြောင့် ပြည်ပကလည်း ဝယ်လိုအားမရှိသေးတော့ စျေးကကျဆင်းလာတယ်။ ရေးတို့ ထားဝယ်တို့ကလည်း မလာသေးဘူး

ယခင်နှစ်က ဝဥတစ်ပိဿာကို ၁၂၀၀၀ ကျပ် ဝန်းကျင်ရရှိခဲ့သော်လည်း အခုနှစ်ပိုင်းအတွင်း ဝဥတစ်ပိဿာကို ၈၀၀၀ ကျပ်ဝန်းကျင်ရရှိပြီး စျေးနှုန်းကျဆင်းလာတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ဝဥကို ချင်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး အခြားပြည်နယ်များမှာလည်း စိုက်ပျိုးတာဖြစ်ကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်