မြန်မာ့အစေ့ထုတ်ပြောင်း ထိုင်းနိုင်ငံကိုတင်ပို့လျက်ရှိ

25/02/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့အစေ့ထုတ်ပြောင်းကို တစ်နေ့လျှင် ထိုင်းနိုင်ငံကို ကားအစီး (၄၀၀) တင်ပို့လျက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

အခုလက်ရှိမှာ မြန်မာ့အစေ့ထုတ်ပြောင်းကို ပုံမှန်တင်ပို့နေတာဖြစ်ပြီး ကားအစီး(၄၀၀)ဝန်းကျင် တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်က ပြောပါတယ်။

အစေ့ထုတ်ပြောင်းကို အခု ဒီလဆန်းကနေစပြီး တင်ပို့နေတာပါ။ တစ်နေ့ကိုအစီး (၄၀၀) လောက်တော့ သွားနေပါတယ်။ တန်ချိန်(၁)သန်းလောက်တော့ တင်ပို့မယ်လို့မျှော်မှန်းထားပါတယ်

မြန်မာ့အစေ့ထုတ်ပြောင်းကို ဖေဖေါ်ဝါရီ(၁)ရက်နေ့မှ စတင်တင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်ထိ ကားအစီးရေ (၉၆၀၀)တင်ပို့ပြီးပြီဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်းကို ၁.၂၅ တန် ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာ့အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်