အိမ်တွင်း ကျောက်ဖရုံယိုထိုးနည်း

03/03/2020 12:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိုအပ်သောပါဝင်ပစ္စည်းများ

ကျောက်ဖရုံသီး အနေတော် - တစ်လုံး

သကြား(အဖြူ) - ၅၀သား

ကျောက်ချဥ် လက်ဖက်စားဇွန်း - ၁ ဇွန်း

သံပုရာရည် ထမင်းစားဇွန်း - ၁ ဇွန်း

ပြုလုပ်နည်း

-ကျောက်ဖရုံသီးကို အခွံခွာပြီး အစေ့ထုတ်ပါ။ ထို့နောက် သင့်တော်သော အရွယ်အစားကို လှီးဖြတ်ပါ။

-လှီးဖြတ်ထားသော ကျောက်ဖရုံသီးများကို အိုးထဲသို့ ထည့်ပြီး ရေကို ကျောက်ဖရုံသီးများ မြှုပ်သည်အထိ ထည့်ပါ။

-ကျောက်ချဥ်ထည့်၍ မီးဖိုပေါ်တင်ပြီး ဆူပွက်သည်အထိ တည်ပါ။

-ထိုနောက် မီးဖိုပေါ်မှ ချလိုက်ပြီး ကျောက်ဖရုံသီးများကို ရေအေးဖြင့် ဆေးကြောပေးပါ။

-ဒယ်အိုးထဲသို့ သကြားကို ထည့်၍ ရေတစ်ခွက်ဖြင့် ကြိုပါ။ သကြားများပျော်ဝင်သွားပါက သံပုရာရည် ထည့်ပါ။

-မီးအရှိန်လျှော့လိုက်ပြီး ကျောက်ဖရုံသီးများကို ထည့်ပါ။ ကျောက်ဖရုံသီးနှင့် သကြားများ စေးပျစ်လာသည်အထိ မွှေပါ။

-စေးပျစ်လာပါက မီးဖိုပေါ်မှချပြီး အအေးခံပါ။ အအေးခံရာတွင် တစ်ခုနှင့် တစ်ခုမကပ်စေရန် ခွဲခြား၍ အအေးခံပါ။

-ခြောက်သွေ့သွားပါက စားသုံးနိုင်ပြီ ဖြစ်သည်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့

အနေတော် လှီးဖြတ်ထားသော ကျောက်ဖရုံသီးများကို ထုံးအနည်းငယ်ထည့်၍ ရေတွင် ၃ နာရီခန့်စိမ်ပြီးမှ အထက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါသည်။

ဖြိုးသဉ္ဇာကျော်

ကိုးကား

https://www.mamasguiderecipes.com/2017/03/04/kundol-candy/


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်