ဝါးပင်တစ်ပင်ကပေါက်စအရွယ်မှာ ၃ စင်တီမီတာ ကြီးထွက်လာဖို့ ၄ နှစ်အထိအချိန်ပေးရပါတယ်။ ၄ နှစ်ပြီးတဲ့အခါမှာတော့ ဒီဝါးပင်လေးဟာ ၁ ရက်ကို ၃၀ စင်တီမီတာ အထိ မြန်ဆန်စွာတိုးထွက်ကြီးမားနိုင်ပါတယ်။ ၆ ပတ်အတွင်းဆိုရင် ၁၅ မီတာလောက် မြင့်သွားနိုင်တယ်။
ဘာလို့စစချင်း ထွက်ခါစကနှေးပြီး ၄ နှစ်နောက်ပိုင်းမှာမှ ဘာလို့ အရမ်းမြန်သွားလဲ။ တကယ်ဆိုရင် ပထမဆုံး ၄ နှစ်မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်လုပ်သမျှ နေ့တိုင်း အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ ထင်တဲ့ချိန်မှာ ဒီဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင် လုပ်ရမယ်။ အဲ့တော့ ၁ နှစ် ၂ နှစ် ကြာချင်ကြာမယ်။
ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကို ခံနိုင်တဲ့ အခြေခံရှိအောင် လုပ်ဖို့လိုပါတယ်။အဲ့တော့ ၁၀ နှစ် ၂၀ နှစ် အချိန်ပေးရင်ပေးရမယ် လို့ထင်ပါတယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ ကြိုးစားနေသ၍ တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာကနေ မကျော်နိုင်ကြပါဘူး။ ရေရှည်မတွေးဘဲလက်မြှောက်လက်လျှော့လိုက်ကြတယ်။ အဲ့ဒါကြောင့် ဆက်လက်အားမထည့်တော့ဘဲ ကျရှုံးသူက အောင်မြင်သူထက် များနေတာပေါ့။
ကိုယ့်ရဲ့ ၃ စင်တီမီတာ အခြေအနေမှာ အခက်အခဲကို ဖြတ်သန်းရင်ဆိုင်ကြိုးစားနေရမယ့်အချိန် ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကို မကြာခင်ရောက်မယ့်သူတွေပါပဲ။
စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ဝါးပင်လေးကို သတိရပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။
Without a solid foundation, you will have trouble creating anything of value.
ခိုင်မာသောအုတ်မြစ်မရှိရင် တန်ဖိုးရှိသောအရာတစ်ခုကို ဖန်တီးရန် အခက်အခဲရှိပါလိမ့်မည်။
Mother Finance
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Mother Finance