ဒန့်သလွန် နည်းပညာသင်တန်းတစ်ခု ဖွင့်လှစ်သွားရန်စီစဉ်နေ

13/06/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒန့်သလွန် စိုက်ပျိုးခြင်းနည်းပညာ ရက်တိုသင်တန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ဒန့်သလွန် စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှ သိရပါတယ်။ 

ဒန့်သလွန်စိုက်ပျိုးနည်းများနဲ့ ကုန်ချောပြန်ထုတ်စေနိုင်ရန်အတွက် ရက်တိုသင်တန်းကို ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်နေတာဖြစ်တယ်လို့ သင်တန်းစီစဉ်သူ ဦးမင်းဟိန်း ကပြောပါတယ်။ 

“ ဒန့်သလွန်ကို စိုက်တဲ့သူကလည်း များလာတော့ ဒန့်သလွန်ကောင်းကျိုးတွေ၊ စိုက်ပျိုးပုံတွေ၊ ကုန်ချောပြန်ထုတ်လုပ်တာတွေနဲ့ ဈေးကွက်အကြောင်းတွေကို ပြန်ပြီးတော့ သင်ကြားပေးသွားမှာပါ” 

အဆိုပါသင်တန်းမှာ ဒန့်သလွန် PKM 1 နဲ့ MS 01 အကြောင်း ၊ စိုက်ပျိုးရန် မြေ၊ ရာသီဥတု၊ မြေသြ ဇာ လိုအပ်ချက်များ ၊ စိုက်နည်း၊ ပျိုးနည် ၊ ပြုစုပျိုးထောင်နည်းမျာ ၊ အတောင့်၊ အရွက်များ၊ ရိတ် သိမ်းအခြောက်ခံနည်း၊ အစေ့ခြောက်များမှ ဆီသန့်ကြိတ်ပုံ၊ ထုတ်ယူနည်း၊ အစေ့ခြောက်ဖတ်များ အမှုန့်ကြိတ်နည် ၊ ဒန့်သလွန် လက်ရှိဈေးကွက်နဲ့ အလားအလာတို့ကို သင်ကြားပေးသွားမှာဖြစ် ကြောင်း အဆိုပါအဖွဲ့မှ သိရပါတယ်။ 

ဒန့်သလွန်နည်းပညာသင်တန်းကို ဇူလိုင်လမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေပြီး တက်ရောက်ချင်သူများအနေနဲ့ ဖုန်းနံပါတ် ၀၉ - ၄၂၂၄၅၂၀၄၅ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ကြောင်း ဒန့်သလွန် စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်