လယ်ယာဝန်ဆောင်မှုစင်တာအတွက် နေရာ (၃) နေရာကို စတင်အကောင်အထည်ဖော်သွားမည်

16/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်မှစတင်ကာ တိုင်းဒေသကြီး (၃) ခုမှာ လယ်ယာဝန်ဆောင်မှုစင်တာ (၃) နေရာအတွက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

တောင်သူလယ်သမားများအတွက် ကဏ္ဍအစုံဆောင်ရွက်နိုင်တဲ့ လယ်ယာဝန်ဆောင်မှုစင်တာကြီးကို တိုင်းဒေသကြီး (၃) နေရာမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောပါတယ်။

တောင်သူလယ်သမားများအတွက် စိုက်ပျိုးသည်မှအစ ရိတ်သိမ်းခူးဆွတ်ချိန်ထိဆောင်ရွက်နိုင်ရန်အတွက် လယ်ယာဝန်ဆောင်မှုစင်တာကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။(၃)နေရာမှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမှာပါ။ အခြေခံလုပ်ရမယ့် အနေအထားတွေ မြေနေရာတွေဘာတွေက အဆင်သင့်ရှိပြီးသားပါ။ ကနဦးစီစဉ်မှုတွေလည်း ပြီးထားပြီ။ အမြန်ဆုံး စတင်နိုင်မှာပါ။ ဒီမှာက (၃၀) ရာခိုင်နှုန်းကတော့ လုပ်ဆောင်ပြီးသွားပါပြီ

လယ်ယာဝန်ဆောင်မှုစင်တာကို ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်တို့မှာပြုလုပ်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

အဆိုပါ လယ်ယာဝန်ဆောင်မှုစင်တာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လိမိတက်နဲ့ China CITIC Construction Group တို့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက်  မနေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်