သီးနှံအာမခံအတွက် အကျိုးတူစနစ်ဆောင်ရွက်သည့် အဖွဲ့များနှင့် MoU ရေးထိုးမည်

19/03/2019 11:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Global World Insurance အာမခံကုမ္ပဏီက ဆောင်ရွက်မည့် သီးနှံအာမခံစနစ်အတွက် အကျိုးတူ ကန်ထရိုက်လယ် ယာစနစ် (Contract Farming) ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်း Global World Insurance ကုမ္ပဏီကို စပါးသီးနှံအာမခံဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စမ်းသပ်ကာကလ အဖြစ် ၂ နှစ်ဆောင်ရွက်ရန် တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုစမ်းသပ်ကာလ ဒုတိယနှစ်တွင် Contract Farming ပြုလုပ်သည့်အဖွဲ့များနှင့် MoU ရေးထိုးဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိစမ်းသပ်ဆောင်ရွက်လျက်ရှိသည့် သီးနှံအာမခံစနစ်သည် အထွက်နှုန်းကို အခြေခံသည့် အာမခံအမျိုးအစားဖြစ်ပြီး ယခုနှစ် နွေစပါးစိုက်ပျိုးချိန်ရာသီအထိ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စပါးဧက ၃၀၀ ခန့်ကို လက်ခံထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

သီးနှံအာမခံကို စမ်းသပ်ကာလအတွင်း ရောင်းချရာတွင် စပါးတစ်ဧက အထွက်နှုန်းကို တင်း ၅၀ ဖြင့် သတ်မှတ်ကာ စပါးတစ်ဧကလျှင် တစ်နှစ်စာ ပရီမီယံ ကျပ်ငါးထောင်နှုန်းဖြစ်ပြီး အချို့ဒေသများတွင် စပါးအထွက်နှုန်းသတ်မှတ်ချက် အပြောင်းအလဲရှိနိုင်ကြောင်း Global World Insurance ကုမ္ပဏီမှ သိရသည်။

သီးနှံအာမခံစနစ် စမ်းသပ်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် သီးနှံအာမခံကော်မတီဖွဲ့စည်းရန်အပြင် သီးနှံအာမခံဥပဒေနှင့် သီးနှံတစ်ဆင့်အာမခံတို့ လုပ်ကိုင်ရန်လိုအပ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

Source - ကြေးမုံသတင်းစာ

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်