ဖရဲစိုက်တောင်သူများရဲ့ အခက်အခဲများအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားအသင်းအနေဖြင့် စီစဉ်ဆောင်ရွက်နေ

15/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖရဲစိုက်တောင်သူများရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အသင်းအနေနဲ့ စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဖရဲတန်ချိန်မှန်ကန်စေရေး၊ ကတ္တားတူညီစေရေးနဲ့ တင်ပို့မှုမကြန့်ကြာစေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ ၊သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအနေနဲ့ စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဥက္ကဠ ဦးစိုးလွင်ကပြောပါတယ်။

မြန်မာ့ဖရဲကားများ တန်ချိန်တစ်ညီတည်းဖြစ်ဖို့အတွက်ပါ။ တစ်ချို့ကားဂိတ်တွေမှာ သတ်မှတ်တန်ထက် လျော့နေလို့ တောင်သူတွေ အသီးတွေတင်ရချရတာတွေလည်း ရှိတယ်။ တောင်သူတွေ ဒဏ်ရိုက်ခံရတာတွေလည်းရှိတယ်။ တစ်ဖက်ကတ္တားမှာ တန်ချိန်မတူညီတာတွေဖြစ်တယ်။ အဲဒါကြောင့် အသင်းအနေနဲ့ မကြန့်ကြာအောင်လို့ စီစဉ်ဆောင်ရွက်နေတယ်

ဖရဲစိုက်တောင်သူများရဲ့ တင်ပြလာတဲ့အခက်အခဲများအပေါ် ဆောင်ရွက်သွားနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းကာ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထားရှိကြောင်း သိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်