ကရင်ပြည်နယ်တွင် ပဲပန်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေ

16/02/2020 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကရင်ပြည်နယ်တွင် ပဲပန်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

 မြန်မာပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဂျပန်နိုင်ငံနဲ့ပူးပေါင်းကာ ကရင်ပြည်နယ်မှာ ပဲပန်းစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

ဂျပန်နိုင်ငံ(JETRO)ကနေပြီးတော့ ပန်းနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာတွေနဲ့ မြန်မာ့ပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လာရောက်ဆွေးနွေးတယ်။ ကရင်ပြည်နယ်မှာ ပဲပန်းစိုက်ပျိုးဖို့အတွက်လည်း ဆွေးနွေးနေတယ်

 ဂျပန်(JETRO) မှ ပန်းနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာများကို တောင်သူများနဲ့တွေ့ဆုံဆွေးနွေးပြီး ဟောပြောပို့ချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံ (Japan External Trade Organization) နဲ့ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်