စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု စီမံကိန်း ( Agricultural Development Support Project ) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရပါတယ်။
ဆည်ရေသောက်ဒေသက တောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ဖော်ဆောင်တာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့် လွင်ဦးက ပြောပါတယ်။
“ဆည်ရေသောက်ဧရိယာနားမှာရှိတဲ့ တောင်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်စေဖို့ ဒီစီမံကိန်းကိုပြုလုပ် တာပါ။ တောင်သူတွေအတွက် လိုအပ်မယ့် မျိုးသန့်ပွားပေးဖို့အတွက် လုပ်သွားမယ်။ ဒီဧရိယာတွေမှာ ဘယ်လိုမျိုး စမ်းသပ်စိုက်ပျိူးမလဲဆိုတာတွေ လုပ်ဆောင်သွားမှာပါ”
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ( Agricultural Development Support Project) ကို ၂၀၁၆ မှစတင်ကာ (၇)နှစ်တာကာလ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။
အဆိုပါစီမံကိန်းကာလအတွင်း အဆင့်မြှင့်လယ်ယာမြေဖော်ထုတ်ခြင်း ၊ မိဘမျိူးစေ့နှင့် ဆင့်ပွားမျိုးစေ့များ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ခြင်း၊ စပါး၊ ပဲမျိူးစုံနှင့် ဆီထွက်သီးနှံများ အထွက်နှုန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
အဆိုပါစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး မြောက်ယမား ၊ မာလဲနတ်တောင်ဆည် ၊ ဆင်သေဆည် နဲ့ စွာဆည်ရေ သောက်ဧရိယာဒေသများမှာ အကောင်အထည်ဖော် လုပ်ဆောင်တာဖြစ်ကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ