မြန်မာ့ဆန် အရည်အသွေးစံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်း ထပ်မံဖွင့်လှစ်သွားမည်

11/09/2019 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်းကို ထပ်မံကာဒုတိယအကြိမ် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိ ရပါတယ်။

   ဆန်အရည်အသွေးနဲ့ အစိုဓါတ်တိုင်းတာမှုများကို ဆန်လုပ်ငန်းလုပ်ကိုင်သူများ သိရှိစေနိုင်ဖို့အတွက် ဖွင့်လှစ်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

   “မြန်မာ့ဆန်အရည်အသွေးကို နိုင်ငံတကာဆန်အရည်အသွေးနဲ့ ကိုက်ညီအောင် အစိုဓါတ်ဘယ်လိုတိုင်းတာမလဲ၊ အရည်အသွေးဘယ်လိုတိုင်းတာမလဲဆိုတာ သိရအောင်လို့ ဖွင့်ပေးတာပါ။”

   အဆိုပါသင်တန်းကို အောက်တိုဘာလဆန်းမှာ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေနဲ့ စက်တင်ဘာလ (၂၇) ရက်နေ့ နောက်ဆုံးထားကာ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။

   မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းနဲ့ အကဲဖြတ်ရေးနည်းပညာသင်တန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှ ပူးပေါင်းဖွင့်လှစ်တာဖြစ်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်