မြန်မာ့ဆန်အရည်အသွေး၊ စံချိန်စံညွှန်းနဲ့ ဆန်အကဲဖြတ်ရေးနည်းပညာသင်တန်း ပထမဦးဆုံးဖွင့်သွားမည်

23/08/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာ့ဆန်အရည်အသွေး၊ စံချိန်စံညွှန်းနဲ့ ဆန်အကဲဖြတ်ရေးနည်းပညာသင်တန်းကို ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)မှာ ပထမဦးဆုံးအနေဖြင့် သင်ကြားဖွင့်လှစ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။

   ဆန်အရည်အသွေးတိုင်းတာမှုများကို သိရှိနားလည်စေနိုင်ပြီး နိုင်ငံတကာဆန်အရည်အသွေးနဲ့ကိုက်ညီမှုရှိလာနိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ကပြောပါတယ်။

   “ဆန်အရည်အသွေးဘယ်လိုရှိလဲ၊ အစိုဓါတ်ကိုဘယ်လိုတိုင်းမလဲဆိုတာ အဲဒီသင်တန်းလေးဖွင့်မယ်။ နိုင်ငံခြားပို့နေတာတွေကိုလည်း သေချာနားလည်အောင် ဆန်ရဲ့အရည်အသွေးတွေလည်းသိအောင်။ ဆန်ကိုတိုင်းတာတွေလည်း နားလည်နိုင်အောင်၊ နိုင်ငံတကာဆန်အရည်အသွေးနဲ့ ကိုက်ညီအောင်၊ ဆန်ကုန်သည်အစ လယ်သမားထိ သိရအောင်လို့ ဖွင့်တာပါ”

   သင်တန်းတက်ရောက်လိုတဲ့ ဆန်စက်လုပ်ငန်းရှင်မျာ ၊ ဆန်စပါးကုန်သည်များ ၊ Exporter များဆန်အကျိုးဆောင်များအနေနဲ့ သင်တန်းတက်ရောက်နိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉- ၄၂၁၁၆၇၄၇၄ နဲ့ ၀၉- ၄၂၂၄၆၃၄၀၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။ 

   အဆိုပါသင်တန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့မှ ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းသားဦးရေ (၅၀)ခန့် သင်ကြားပေးသွားမှာဖြစ် ကြောင်း သိရပါတယ်။

ယမင်းအေး(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်